​​​​​​​အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာ ကြက်တောင် အားကစားအဖွဲ့က  ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံ ဆိပ်တစ်ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ် ဆောင်ခဲ

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာ ကြက်တောင် အားကစားအဖွဲ့က  ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံ ဆိပ်တစ်ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ် ဆောင်ခဲ

ရန်ကုန် မေ ၂၆

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄  ခုနှစ် မေလ ၂၂ ရက်မှ ၂၆ ရက်အထိကျင်းပ လျက်ရှိသည့် အရှေ့တောင်အာရှဂျူနီယာ ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ၂၀၂၄ (Bad minton Asia South East Asia(Under 17 & Under 15) REGIONAL JUNIOR CHAMPIONSHIP 2024) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက်  တောင်အား ကစားအဖွဲ့သည် ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ် ၁၇ ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှသိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားသမားများသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အရှေ့တီမောနှင့် အိမ်ရှင်လာအိုနိုင်ငံတို့မှ ကြက်တောင်အားကစားသမား များနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အသက် ၁၅  နှစ်အောက်နှင့် အသက် ၁၇ နှစ်အောက် ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်များအား ပွဲပြတ် များဖြင့်အနိုင်ရရှိခဲ့ပြီး နိုင်ငံအတွက် ဆုတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဆုရရှိမှုအနေဖြင့် အသက် ၁၅ နှစ်အောက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၇ နှစ်အောက် အသင်းလိုက်ပြိုင်ပွဲ တွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၅ နှစ် အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စိုးခန့်က ရွှေတံ ဆိပ်တစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ယွန်းသက်ထားမောင်က ရွှေတံဆိပ် တစ်ခု၊ သဒ္ဒါထက်ကျော်က ငွေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့် မြင့်မြတ်လင်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသား၊ အမျိုးသမီးနှစ် ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့်သဒ္ဒါထက်ကျော်တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ မြင့်မြတ်လင်းနှင့် ယွန်းသက်ထားမောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင်သဒ္ဒါထက်ကျော်နှင့် ယွန်းသက်ထားမောင် တို့အတွဲက ရွှေတံဆိပ်တစ်ခု အသီးသီး ဆွတ်ခူးရရှိကြသည်။

ထို့အတူ အသက် ၁၇ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တွင် ဟိန်းသီဟအောင်က ငွေတံဆိပ်တစ်ခု၊ ဉာဏ်ရှိန်လင်းကရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် လင်းလင်းထက် က ရွှေတံဆိပ်တစ်ခု၊ ရှဲန်လမိန်းက ငွေတံဆိပ်တစ်ခု၊ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင် နှင့်ရှဲန်လမိန်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ ဉာဏ်ရှိန်လင်းနှင့်လင်းလင်း ထက်တို့ အတွဲက ငွေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့် Óဏ်ရှိန်လင်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် လင်းလင်းထက်နှင့်ရှဲန်လမိန်းတို့အတွဲက ရွှေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာကြက်တောင်အားကစားအဖွဲ့အနေဖြင့် ကြက်တောင်ကစားသမားရှစ်ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကာ ဆုတံဆိပ်များကိုဆွတ်ခူးရယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ကမ္ဘော ဒီးယားနိုင်ငံတွင်ပြုလုပ်သည့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်အောင်မြင်မှုထက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း မြန်မာ နိုင်ငံကြက်တောင်အဖွဲ့ချုပ်မှသိရသည်။