အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်များတွင် အပူလျှပ်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်များတွင် အပူလျှပ်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံး

ဘူဘာနက်စဝါ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဘီဟာနှင့် သြဒစ်သျှပြည်နယ်တို့တွင် အပူလျှပ်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများအနက်   ၁၀  ဦးမှာ သြဒစ်သျှပြည်နယ်  ရူအာကီလာဒေသရှိ ဆေးရုံတွင် မေလ ၃၀ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး အခြားငါးဦးမှာ ဘီဟာပြည်နယ်အူရန်ဂါဘတ်မြို့၌ သေဆုံးခြင်းဖြစ်ကြောင်း အာဏာပိုင် အဖွဲ့ကထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အပူလှိုင်းဖြတ်သန်း မှုများဖြစ်ပွားခဲ့ပြီး နယူးဒေလီ မြို့တော်၌ အပူချိန်သည် ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း ၅၂ ဒသမ ၉ ဒီဂရီမြင့်တက်လာ သည်။

လက်ရှိတွင် သြဒစ်သျှပြည်နယ်အစိုးရက အစိုးရဝန်ထမ်းများအား နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ပြင်ပသို့ထွက်၍ အလုပ်မလုပ်ကြရန် တားမြစ်ထားသည်။

ဘီဟာပြည်နယ်အနီးရှိ ဂျာခန်ပြည်နယ်အတွင်း၌လည်း အပူလျှပ်မှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

Ref: ST