ဒူးရင်းသီးနှင့် ကျန်းမာရေး

ဒူးရင်းသီးနှင့် ကျန်းမာရေး

ကမ္ဘာပေါ်တွင် ဒူးရင်းပင်မျိုးစိတ်ပေါင်း ၃၀ ရှိရာ ယင်းတို့အနက် ကိုးမျိုးသာစား၍ရသည်။ ဒူးရင်းပင် သည် စိုက်ပြီးလေးနှစ်၊ ငါးနှစ်ခန့်ကြာမှ စတင်အသီး သီးလေ့ရှိသည်။   အသီးမှည့်၍   နှစ်ရက်မှလေးရက် အကြာတွင် အပင်ပေါ်မှ ကြွေကျတတ်သည်။ 

ဒူးရင်းသီး၏ထူးခြားချက်မှာ ညဘက်မှသာ အပင် ပေါ်မှကြွေကျလေ့ရှိပြီး အပွင့်မှာလည်း ညဘက်မှ သာ ကြွေကျလေ့ရှိသည်။ ဒူးရင်းသီးမှာ အဝါရောင် သန်းနေပြီး လက်နှင့်ပုတ်ကြည့်၍ ခပ်အုပ်အုပ်အသံ ထွက်လာပါက  ကောင်းသော၊  အသားပြည့်သောအသီးဖြစ်သည်။  မွန်ပြည်နယ်  ရေးမြို့နယ်မှထွက်ရှိ သော ဒူးရင်းသီးသည်  နာမည်ကြီးပြီး ကရင်ပြည်နယ် နှင့်  ရှမ်းပြည်နယ်တို့မှလည်း   ဒူးရင်းသီးထွက်ရှိ သည်။

ဒူးရင်းသီးနှင့်ကျန်းမာရေး

  • ဒူးရင်းသီးအနှစ်သားသည် ပရိုတင်းဓာတ်ကြွယ်၀ ရုံသာမက လူသားတို့ကျန်းမာရေးအတွက် အကျိုးပြု ဗီတာမင်နှင့်  သတ္တုဓာတ်  ၁၇  မျိုးပါရှိသည့်အတွက် နာလန်ထစလူမမာများ  ဓာတ်စာ အဖြစ်  စားသုံးနိုင် သည်။
  • ဒူးရင်းသီးအနှစ်သားထဲတွင် သဘာဝသကြား ဓာတ်ပါရှိကာ အလွန်နူးညံ့ပြီး အစာကြေလွယ် သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးသင့် သည်။
  • ဒူးရင်းသီးတွင်ပါရှိသောသံဓာတ်နှင့် ဖော့စဖရပ်စ် တို့သည် ငှက်ပျောသီးတွင်ပါဝင်မှုထက် ၁၀ ဆ ကျော် ပိုမိုသဖြင့် ကလေးမီးဖွားပြီးစမိခင်များ ဒူးရင်းသီးစား သုံးပေးနိုင်သည်။
  • ဒူးရင်းသီးထဲတွင်ပါဝင်သော   အဆီဓာတ်သည် တခြားအသီးအနှံများထက် အဆီဓာတ်ပါဝင်မှု မြင့်မားသော်လည်း ကိုလက်စထရောကင်းသော အဆီဓာတ် ဖြစ်သည်။
  • အစာကြေလွယ်သော အမျှင်ဓာတ်များပေါကြွယ်၀ သောကြောင့် ဝမ်းပျော့စေပြီး အူသိမ်အူမထဲရှိ အကျိ အချွဲများကိုလျော့စေကာ အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။ အလွန် အမင်း ဝမ်းချုပ်ပါက ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့်  ဝမ်းဗိုက်ကို  ပွတ် တိုက်ပေးနိုင်သည်။
  • ဒူးရင်းသီးသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့်  ဗီတာမင်ဘီ ဓာတ်ပေါင်း စုများ  ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားမြင့်မားကာ  ပြင်ပရောဂါများကို  အလွယ် တကူမကူးစက်နိုင်အောင် တိုက်ထုတ်ပေးနိုင်သည်။
  • ဒူးရင်းသီးကို အသီးသာမက အမြစ်နှင့်အရွက် တို့ကိုလည်း တိုင်းရင်းဆေးဆရာများက အပြင်း ဖျားနာခြင်းနှင့် အသားဝါရောဂါကုထုံးများတွင် အသုံးပြုလေ့ ရှိသည်။
  • ဒူးရင်းသီးသည်   သွေးကိုသန့်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ကြွယ်ဝသဖြင့်  သွေးအားနည်း ရောဂါကိုလည်း ကာကွယ်ပေးသည်။
  • ဒူးရင်းသီးထဲတွင် နှလုံးခုန်နှုန်းနှင့် သွေးဖိအား တို့ကို ထိန်းချုပ်ပေးနိုင်သည့် ပိုတက်စီယမ် ဓာတ်လည်း ကြွယ်ဝစွာပါရှိသည်။
  • ဦးခေါင်းတွင် ဖြစ်တတ်သည့်ဒက်နှင့် အရေပြားပေါ်ရှိ ပွေးကွက်များအတွက် ဒူးရင်းရွက်ပြုတ် ရည်ဖြင့် လိမ်းကျံပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။
  • ဒူးရင်းသီးတွင် ကော့ပါးဓာတ်ပါရှိသဖြင့် သိုင်းရွိုက် (လည်ပင်းအကျိတ်) ဝေဒနာသည်များကို  ကောင်း ကျိုးပြုနိုင်သည်။
  • ဒူးရင်းသီးတွင် ပရိုတင်းဓာတ်ကြွယ်ဝမှုကြောင့် ကြွက်သားများ ကောင်းမွန်စွာတည်ဆောက်မှုကို အထောက်အကူပြုပေးပြီး သွေးလည်ပတ်မှုကိုအားပေး သည်။
  • ဒူးရင်းသီးထဲတွင်  မဂ္ဂနီစီယမ်၊  ဗီတာမင်ဘီနှင့် ပိုတက်စီယမ်တို့  ကြွယ်ဝစွာပါရှိခြင်းကြောင့်  အရိုးနှင့်  အရိုးဆက်များကျန်းမာရေးကို  များစွာပံ့ပိုးပေးသည်။

- ခြေသည်း၊ လက်သည်းများ မှိုပိုးစွဲခြင်းအတွက် ဒူးရင်းပင်အမြစ်က ကောင်းစွာကုသပေးနိုင်စွမ်းရှိ သည်။

  • ဒူးရင်းသီးတွင် မဂ္ဂနိစ်ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းချုပ် ပေးသည်။
  • မီးစုန်းဓာတ်ပါရှိသဖြင့် သွားနှင့်သွားဖုံးကျန်းမာ ရေးကို ကောင်းစွာမြှင့်တင်ပေးသည်။

- ဒူးရင်းသီးတွင် Pyridoxine (ခေါ်)  ဗီတာမင် B-6 နှင့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သော tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ပြေ ပျောက်စေကာ အိပ်မောကျစေ၍ ဉာဏ်ရည်တိုးတက် ကောင်းမွန်စေသည်။

  • Riboflavin (ခေါ်) ဗီတာမင် B-2 ပါရှိသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာ စေနိုင်သည်။
  • သီအာမင်နှင့် နီအာစင်းဓာတ်များ ပါရှိသောကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ စိတ် ကျေနပ်မှုရစေ၍ နောက်ထပ်အစာစားချင်စိတ်ကို ချိုး နှိမ်ပေးသည်။
  • ဓာတ်ခွဲစမ်းသပ်ချက်များအရ ဒူးရင်းသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သော ဗီတာမင်စီ RDA ရာခိုင်နှုန်းအပြည့်အဝပါရှိသဖြင့်  ခန္ဓာကိုယ် အတွက် မလိုလားအပ်သော Free Radical များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါများမှ ကာကွယ်ပေးကြောင်း၊ အနာကျက် လွယ်စေကာ  အရေပြားကို ကျန်းမာစေပြီး  အရွယ်တင်နုပျိုစေကြောင်း  လေ့လာ သိရှိရသည်။

ဒူးရင်းသီးက အထက်ဖော်ပြပါကျန်းမာရေး အာနိသင်များကိုပေးစွမ်းနိုင်သော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်၍ သတိနှင့် ယှဉ်ပြီး စားသုံးသင့်သည်။

  • ဒူးရင်းသီးမစားသုံးမီနှင့်   စားသုံးပြီးနောက် အရက်၊ ဘီယာ၊ ဝိုင် စသည့်အယ်လ်ကိုဟောပါဝင် သော  အရည်များသောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်သည်။ တွဲဖက်စားသုံးခြင်းအားဖြင့် အူချဉ်နာ၊ လေထိုးလေအောင့်နာ၊  ဦးနှောက်သွေးကြောပြတ်ခြင်း၊  နှလုံးသွေးကြောပေါက်ခြင်း၊  လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်သည်။
  • သွေးတိုးရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင် ကြဉ်သင့်သည်။
  • ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းက အပူစာ နှစ်မျိုးကို တစ်ပြိုင်နက်တည်း စားသုံးသလိုဖြစ်ကာ အပူများပြီး လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းများ ကို ဖြစ်စေနိုင်သည်။
  • ဒူးရင်းသီးနှင့် ကဏန်းတွဲဖက်စားသုံးခြင်းက အပူစာနှင့်အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်၍ ဝမ်း ဗိုက်မအီမသာဖြစ်ခြင်းနှင့်  ဗိုက်အောင့်ဗိုက်နာခြင်း ဖြစ်စေနိုင်သည်။
  • အမဲသား၊ ဆိတ်သား၊ မှိုကဲ့သို့အပူစာများနှင့် ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းက အစာအဆိပ်သင့် စေနိုင်ပြီး   အော့အန်ခြင်း၊  အသက်ရှူကျပ်ခြင်းနှင့် ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ကဖင်းဓာတ်ကြွယ်ဝစွာပါရှိသော  ကော်ဖီနှင့် ဒူးရင်းသီးတွဲဖက်စားသုံးပါက   ရုတ်တရက်နှလုံးရပ် ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဦးခေါင်းအလွန်အမင်း ကိုက်ခဲခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ဒူးရင်းသီးစားပြီးနောက်  လိုက်ချီးသီးစားခြင်းကို ရှောင်ကြဉ်သင့်သည်။
  • ဒူးရင်းသီးက အပူဓာတ်ဖြစ်ကာ သကြားဓာတ် အမြောက်အမြားပါရှိသည့်အတွက် အဝလွန်သူ များ၊ ကိုယ်အလေးချိန်တက်သူများ၊ ကိုယ်ဝန်ဆောင်များ နှင့် ဆီးချိုရောဂါရှိသူများ ရှောင်ကြဉ် သင့်သည်။
  • ဒူးရင်းသီးတွင် ပိုတက်စီယမ်ဓာတ် အလွန် မြင့်မားစွာပါဝင်သဖြင့် နာတာရှည်ကျောက်ကပ် မကောင်းသူများနှင့်  နှလုံးရောဂါရှိသူများ စားသုံးရန် မသင့်ပေ။

- ဒူးရင်းသီးစားပြီး ရေများများသောက်သင့်သည်။ အပူစင်စေရန် ဒူးရင်းသီးစားပြီးနောက် မင်းကွတ်သီး အနည်းငယ်စားပေးသင့်သည်။

  • ဒူးရင်းသီးသည် ကျန်းမာရေးအတွက် ကောင်းကျိုး ပြုသော်လည်း အလွန်အကျွံစားသုံးပါက သွေးတိုးခြင်း၊ အပူကန်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ် စေနိုင်ကြောင်း ရေးသား လိုက်ရပါသည်။   

ပေါက်ပေါက်