၂၀၂၄ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ

 

၂၀၂၄ ခုနှစ် မေလအတွင်း ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေများ

 

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေး ကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET)အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကို စုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေကိုသိရှိရန် မိုးရေ၏ pH  တန်ဖိုးများတိုင်းတာခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

    ၂၀၂၄ ခုနှစ် မေလအတွင်း တိုင်းတာသည့်စခန်း ၄၁ ခုအနက် ၃၉ စခန်းတွင် မိုးရွာသွန်းခဲ့သဖြင့် မိုးရေနမူနာများ စုဆောင်းရယူခဲ့ပါသည်။ မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၃၉  စခန်းမှ ရွာသွန်းခဲ့သောမိုးရေများ၏ pH  တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH  တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (၆.၅ - ၈.၅) အတွင်းတွင် ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။

မိုးရေ၏ pH တန်ဖိုးသည် ၅.၆ အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ၃၉ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။ (ပုံ-၂) 

           

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန