လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန်  ဇွန်  ၆

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG,MG4 (MULAN) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များ၊ Myanmar New Energy Motor (MNEM) Co..Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HYCAN Z03 နှင့် HYCAN A06PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Grand Sirius Co.,Ltd . မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA NEO-MOR  D05 လျှပ်စစ်သုံး မော်တော် ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန်လ ၆ ရက်တွင် လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။