လမ်းလျှောက်ခြင်းသည် ကျောရိုးနာကျင်မှုကိုသက်သာစေသည်

လမ်းလျှောက်ခြင်းသည် ကျောရိုးနာကျင်မှုကိုသက်သာစေသည်

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက ကျောရိုး ကိုထိခိုက်နာကျင်စေပေမယ့် လမ်းလျှောက် ခြင်းမှာတော့ အဲဒီလိုအဖြစ်မျိုးမရှိပါဘူး။ လမ်းလျှောက်ခြင်းဟာ ကျောရိုးအပေါ် သက်ရောက်မှု နည်းပါးတဲ့လေ့ကျင့်ခန်းဖြစ်တဲ့ အပြင် တကယ်တမ်းမှာ ကျောရိုးနာကျင်မှုကိုတောင်မှ သက်သာစေတာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းသည် ကျောရိုးနာကျင်မှုကိုသက်သာစေသည် လမ်းလျှောက်ခြင်းကြောင့် ကျောရိုးမကြီး တစ်လျှောက် သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး နောက်ကျောကြွက်သား တွေကိုလည်း နေရာတကျဖြစ်စေပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ကျောရိုးနာကျင်နေသူတွေ၊ နောက်ကျောကြွက်သား နာကျင်နေသူတွေအတွက် အကောင်းဆုံး ဆေးကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။