ညောင်ဦးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ညောင်ဦးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ညောင်ဦး၊ ကျန်းမာရေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် ပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို  ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အသင်းဝင် များ၊ မြို့နယ်အမျိုးသမီးရေး ရာအဖွဲ့ ဝင်များက အခြေခံပညာကျောင်းများနှင့်မြို့နယ်အတွင်း လူနေအိမ်များရှိ အုတ်ကန်၊  ရေစည်ပိုင်းများအတွင်းသို့ အဘိတ် ဆေးခတ်ခြင်း၊ ရေတင်ကျန်နိုင်သည့် နေရာ များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်သားလောင်းပေါက် များ မပေါက်ပွားနိုင်အောင် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ဆောင် ရွက် ကြောင်း သိရသည်။