နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂)ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ  မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်ပါ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင် ရွက်ရေး”ဆိုသည့် ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် ပထမအကြိမ်မြန်မာနိုင်ငံ လုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ကို “အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ယမန်နှစ်က အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ကြာင်း။

 ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေး ပြည့် ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေး ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန် ဆို သည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီ လာခံကို ကျင်းပရခြင်းဖြစ်ကြောင်း။

ယခုကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးကို ပိုမို မြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဖြင့် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပသွား မည်ဖြစ်ပါကြောင်း၊  ထိုသို့ ကျင်းပနိုင်ရန်အတွက် နေပြည်တော်ကောင်စီ အပါအဝင် ဝန်ကြီးဌာန ၁၃ ခုမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများပါဝင်သော ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခု တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ဆပ်ကော်မတီနှင့် လုပ်ငန်း ကော်မတီများကလည်း ညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်ပြီးစီးပြီဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် အခြား ဝန်ကြီးဌာနများက နယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် ပညာရေးညီလာခံသည်လည်း ဆက်စပ်ဝန်ကြီးဌာနများအားလုံးနှင့် သက်ဆိုင်သည်ကို သတိပြုစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း။

ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာ၊ ဆရာအတတ်ပညာ နှင့်သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေး အာမခံမှုဆိုသည့် ကဏ္ဍသစ် တစ်ခုကိုထပ်တိုးထားသည့်အတွက်  စုစုပေါင်း ကဏ္ဍ ၆ ခုရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် စာတမ်း ၆ ခုစီကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း စာတမ်းအလိုက်၊ ဆွေးနွေးမှုများအလိုက် ဖော်ထုတ် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများ နှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာသည်အထိ အထူးအလေးထား ဆွေးနွေးသွား ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ကဏ္ဍ ၅ ခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ပြီး ယခုနှစ်မှာ ကဏ္ဍ ၆ ခုအတွက် စာတမ်း ၃၆ စောင် ဖတ်ကြားသွားမည်ဖြစ်သည့် အတွက် စာတမ်းအရေအတွက် နည်းခြင်းများခြင်းထက် ရလဒ်ကောင်းများရရှိနိုင် ရေး ဦးတည်ရန်ကိုလည်း တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် သုံးသပ်ချက်များအား အကောင်အထည် ဖော်ဆောင်ရာတွင်  အောင်မြင်အောင်ဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ဆောင်ရွက်ဆဲလုပ်ငန်းများ ရှိနေသကဲ့သို့ ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည် သုံးသပ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေး ရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည် ဖြစ်ကြောင်း၊ ယခင်နှစ်ညီလာခံကဖော်ထုတ် ရရှိခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ဝန်ကြီးဌာနများအလိုက် သုံးသပ်ချက်များကိုလည်း အောင်မြင် အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ရရှိပြီး အောင်မြင်မှုများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန် ကဏ္ဍ အလိုက် ရေတိုရေရှည် အစီအမံများနှင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပညာရေးညီလာခံက နိုင်ငံ၏အနာဂတ်လူငယ်များ အတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန်သည့် အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အထောက်အကူပြုမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး အဆင့်အတန်း တိုးတက်လာရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေသည် ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်း တက်ရေးနှင့် KG+9 ပြီးမြောက်ရေးဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့  ငွေများချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်စေခြင်း၊ စာတတ်မြောက် သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သောအလေ့အထ တိုးပွားလာ အောင်ဆောင်ရွက်ပေးနေခြင်းတို့သည် ထင်ရှားသည့် သာဓကများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အားထုတ်မှုသာမက ပြည်သူအားလုံးက ပညာ၏တန်ဖိုးကို သိရှိပြီး အားထုတ်ခြင်းကသာ နိုင်ငံ၏ပညာရေးရည်မှန်းချက်ကို အောင်မြင်စေမည် ဖြစ်ကြောင်း၊

နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေး သည် ကောင်းမွန်အောင်မြင်သည့် ပညာရေးဖြစ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင် ကောင်းမွန်စေရန်အတွက် ယခုကဲ့သို့ ပညာရေးညီလာခံကြီးကို ကျင်းပဆောင်ရွက်ပေး နေခြင်းဖြစ်၍ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လို ကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပမည့် ညီလာခံကြီးဖြစ်သည် နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေးအကြံပြုဆွေးနွေးကြရန်တိုက်တွန်း ပြောကြား လိုကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ပညာ ရေး၊ ကျန်းမာရေး စသည့် လူမှုရေးကဏ္ဍနယ်ပယ် အသီးသီးတွင် မူလအခြေ အနေကထက်ပင်ပိုမို၍ အဆင့်အတန်း မြင့်မားတိုးတက်လာစေရေး ဆောင်ရွက် ရမည်”ဟု လမ်းညွှန်မှာကြားထားသည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အောင် မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့် အရင်းအမြစ်များ ဖြည့်ဆည်းပေး နိုင်ရေး စီမံဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း မိမိတို့ တာဝန်ယူရသည့်ကဏ္ဍများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရန်လိုကြောင်း။

ပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခု ဦးစီး ကော်မတီအစည်းအဝေးမတိုင်မီ ပညာရေးဝန်ကြီးဌာနက အကြိုညှိနှိုင်းအစည်းအဝေး ၄ ကြိမ် ခေါ်ယူဆွေးနွေးခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးများတွင် ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများက စာတမ်းခေါင်းစည်များရွေးချယ်ခြင်း၊ ဝန်ကြီးဌာနများ အလိုက်စာတမ်းဖတ်ကြားရေး၊ ပြခန်းပြသရေးစသည့် တာဝန်များခွဲဝေဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်ဟုသိရှိရကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄) အတွက် Theme Song ရေးစပ်ရာတွင်လည်း ညီလာခံ၏ ဦးတည်ချက်ကို အနှစ်သာရပေါ်လွင်အောင်စပ်ဆိုရန် တိုက်တွန်းလိုကြောင်း၊ ပညာရေးညီလာခံ (၂၀၂၄) က ထွက်ပေါ်လာမည့် ရလဒ်များသည် မြန်မာနိုင်ငံပညာရေး တိုးတက်ကောင်း မွန်စေရေးအတွက် အထောက်အကူဖြစ်စေနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးက ကျရာကဏ္ဍ၊ ကျရာတာဝန်ကို ကျေပွန်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ လုံးဆိုင်ရာပညာရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန  ပြည်ထောင် စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး(၁) ပညာရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းထားရှိမှု၊ ကော်မ တီများဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပညာရေးညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည် ပြုရေးဆပ်ကော်မတီ၊ ပြခန်များခင်းကျင်း ပြသရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြား ရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ၊ ဖျော် ဖြေရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အောင် မြင်စွာကျင်းပနိုင်ရေးအတွက်  ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရန် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အစည်းဝေးသို့တက်ရောက်လာကြသူများက မြန်မာနိုင်ငံလုံး ဆိုင် ရာပညာရေးညီလာခံ(၂၀၂၄) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာကဏ္ဍများ အလိုက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။