ကူဝိတ်နိုင်ငံတောင်ပိုင်း မီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံးလူ ၄၁ ဦးသေဆုံး 

 

ကူဝိတ်နိုင်ငံတောင်ပိုင်း မီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံးလူ ၄၁ ဦးသေဆုံး 

 

ကူဝိတ်နိုင်ငံတောင်ပိုင်း အာမာဒီစီရင်စုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၄၁ ဦးသေဆုံးသွားကြောင်း နိုင်ငံပိုင် မီဒီယာကြီးတစ်ခုက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

မီးလောင်ကျွမ်းမှုသည် မန်ဂက်မြို့ရှိ လူနေအဆောက်အအုံ တစ်ခုတွင် ဖြစ်ပွားခြင်းဖြစ်ပြီး  မီးလောင်ကျွမ်းမှုအတွင်း လူအများအပြား ဒဏ်ရာရရှိကြောင်း၊  ၎င်းဒဏ်ရာ ရရှိသူများအနက် အနည်းဆုံး ၁၅ ဦးကို အနီးအနားရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ အစ်ရာရှက်ဟားမက်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားသည်။

မီးသတ်တပ်ဖွဲ့ဝင်များက နောက်ပိုင်းတွင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ရကြောင်း၊ ထို့ကြောင့် မီးလောင်မှုအတွင်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ပို့ဆောင်ခဲ့သည့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာ အနည်းဆုံး ၄၃ ဦးရှိကြောင်း နိုင်ငံပိုင်မီဒီယာကြီး တစ်ခုဖြစ်သည့် KUNA က ဖော်ပြထားသည်။