တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ တိရစ္ဆာန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ တိရစ္ဆာန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၁၂

       တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မူဆယ်မြို့၊ ဆင်ဖြူဂိတ် အကျော်လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် Redmi Phone Display (၃၂)ခု အပါအဝင် ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်အထွက်စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နော်ဝေနိုင်ငံထုတ် ဆယ်လမွန် ငါးသားပြား (၁၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Toyota Ipsum (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး  Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ထမင်းပေါင်းအိုး အလုံး(၇၂၀)နှင့်  SAILUN ကားတာယာ   အလုံး(၉၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁၂၅၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Super 12 Truck (၁)စီး၊ MAN Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ထန်းတပင်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းအနီး၌  လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ် (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၆၇၅၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ  ဇွန်လ ၁၀ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်  Castrol အင်ဂျင်ဝိုင် (၁၅၆၆ ဒသမ ၄) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၅၀၁၉၃၇၁၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ရတနာပုံတံတား(မန္တလေး)  ပူးပေါင်းစစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီဓာတ်ဆီ (92 Ron)) (၁၄၉၆)ဂါလန်၊ ပရီမီယမ်ဒီဇယ်ဆီ (၃၂၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၄၅၇၁၆)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ရွှေကျင်စစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီဓာတ်ဆီ (92 Ron) (၃၅၂)ဂါလန်၊ ပရီမီယမ်ဒီဇယ်ဆီ (၁၈၈၆)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၈၄၂၂၂၄) နှင့် အဆိုပါစက်သုံးဆီများ   တင်ဆောင်လာသည့် Nissan Condor Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၇၈၇၉၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ဇွန်လ ၁၀ ရက်တွင် မကွေးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ် ကျွဲပင်တပ် ကျေးရွာအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နွား(၁၆၂)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၀၀၀၀၀၀)နှင့် အဆိုပါ   နွားများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် Nidi Truck (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ လည်းကောင်း၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ တရားမဝင် သစ်ခုတ်ရာတွင် အသုံးပြုသည့် အင်ဂျင်(၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၀၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၆၇၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံ တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ (၂၀၄၉၀)ပိဿာ   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၄၅၉၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၄)မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၃၇၈၅၈၇၃)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သတင်းရရှိသည်။