နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော် ဇွန် ၁၂

      သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊  သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ   ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့်  လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community   Monitoring   and Reporting System-CMRS) အပအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ဇွန်လ ၃ ရက်မှ  ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော  စာရင်းများအရ တရားမဝင်ကျွန်း (၂၅ ဒသမ ၅၉၂၄)တန်၊ သစ်မာ (၂ ဒသမ ၂၉၆၈)တန်၊ အခြား (၅၅ ဒသမ ၉၁၀၆)တန်၊ စုစုပေါင်း (၈၃ ဒသမ ၇၉၉၈)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း   သစ်တောဦးစီးဌာနမှ   သိရသည်။