ကျိုင်းတုံ၊ မြစ်ကြီးနားနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ကျိုင်းတုံ၊ မြစ်ကြီးနားနှင့်တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင်ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ နောင်ခိုက်-နောင်ပေါင်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သန်းရွှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။

 ဇွန်လ ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းကျေးရွာအနီးတွင် ကျော်ခိုင်ဦး(ခ)ဝေယံ မောင်းနှင်ပြီး မညိုညိုထွန်း(ခ)မညိုလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဆွဲ မောင်းနှင်ပြီး အားချင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။