(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေး တက်ရောက်ရန်  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေး တက်ရောက်ရန်  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန် ဇွန် ၁၃

မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန်လ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေး    အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်များ ပထမအကြိမ် အစည်းအဝေး(1st Southeast  Asian Games Federation (SEAGF) Meetings)သို့  တက်ရောက်ရန်    ယနေ့မွန်းလွဲပိုင်းတွင်   ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်  ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးထွန်းမြင့်ဦးနှင့် သက်ဆိုင်ရာ ကော်မတီအလိုက် အဖွဲ့ဝင်များလည်း လိုက်ပါသွားကြောင်း သိရသည်။