ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း မျှင်ငါးပိ ပိဿာချိန်  ၉၀၀၀ အထိ

 

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း မျှင်ငါးပိ ပိဿာချိန်  ၉၀၀၀ အထိ

 

တင်ပို့ရောင်းချနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့  မေလအတွင်း  မျှင်ငါးပိ  ပိဿာချိန် ၈၉၀၀၀   အထိ    တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း   ဖျာပုံမြို့နယ်မှ   ငါးပိ၊   ငါးခြောက်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်ညို၏ပြောပြချက်အရ  သိရသည်။

ဖျာပုံမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများကို  ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိပြီး ဧပြီလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၆၀၀၀ အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး   မေလ ၁ ရက်မှ ၃၁ ရက် အထိ တစ်လတာ ကာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၉၀၀၀  အထိ  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း  သိရသည်။

“ဖျာပုံမြို့နယ်ကနေ     မျှင်ငါးပိတွေ အပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေပါတယ်။   ရန်ကုန်ဈေးကွက်ကို   မေလအတွင်းက    မျှင်ငါးပိ  ပိဿာချိန်   ၈၉၀၀၀ အထိ  တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။  အခုလို  မျှင်ငါးပိတွေ အရောင်းအဝယ်ကောင်းလာတော့ မျှင်ငါးပိလုပ်ငန်း လုပ်ကိုင်သူတွေအပြင်  လုပ်သားတွေပါ  အလုပ်အကိုင် အဆင်ပြေလာပါတယ်}}   ဟု  ဒေါ်ညိုကပြောသည်။

ဖျာပုံမြို့နယ်၌    ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများသည် ပင်လယ်ပြင်မှရရှိသော    မျှင်ကောင်များကို ဝယ်ယူ၍ မျှင်ငါးပိပြုလုပ်ခြင်း ဖြစ်ပြီး အဆိုပါဒေသထွက် မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၂၈၅၀၀ ရှိကြောင်း သိရသည်။