မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ISPEအသင်းနှင့် ဒဂုံစတားအသင်းတို့ နိုင်ပွဲရရှိ

 

မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ISPEအသင်းနှင့် ဒဂုံစတားအသင်းတို့ နိုင်ပွဲရရှိ

 

ရန်ကုန်  ဇွန်  ၁၄

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့ရာ  ISPE  အသင်းနှင့် ဒဂုံစတားအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ  ပွဲစဉ်(၃)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပဒုမ္မာ အားကစားကွင်း၌  ISPE ယူ-၂၀ အသင်းနှင့် သစ္စာအားမာန် ယူ-၂၀ အသင်းတို့ ကစားခဲ့ရာ  ISPE ယူ-၂၀ အသင်းက လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ISPE ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၈ မိနစ်နှင့် ၃၉ မိနစ်တွင်ရှိုင်းကိုကိုဇော်က လည်းကောင်း၊  ပွဲချိန် ၄၃ မိနစ်တွင် ကောင်းခန့်ကျော်ကလည်းကောင်း၊  ပွဲချိန် ၆၅ မိနစ်တွင် သန်းလွှာအောင်ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီက တောင်ဒဂုံ အားကစားကွင်းတွင် ဒဂုံစတား ယူ-၂၀အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၂၀အသင်းတို့ကစားခဲ့ရာ ဒဂုံစတား ယူ-၂၀အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒဂုံစတား ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ခိုင်မြေ့ကျော်က လည်းကောင်း၊ ပွဲချိန် ၈၃ မိနစ်တွင် အောင်ခန့်ကျော်က လည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့ကြသည်။