တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် ငါးဖမ်းသင်္ဘော တစ်စင်းနစ်မြုပ်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး

 

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် ငါးဖမ်းသင်္ဘော တစ်စင်းနစ်မြုပ်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး

 

    တောင်ကိုရီးယားနိုင်ငံ   အနောက်တောင်ပိုင်းရှိ ပင်လယ်ရေပြင်တွင် ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်သွားရာ သင်္ဘောအမှုထမ်းတစ်ဦး သေဆုံးပြီး   အခြားနှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဇွန်လ ၁၃ ရက်တွင် ဖော်ပြသည်။

အလေးချိန် ၃၃ တန်ရှိ အဆိုပါသင်္ဘောသည် ဆိုးမြို့တော်  အနောက်တောင်ဘက် ၃၁၀ ကီလိုမီတာခန့်အကွာ ဆီနန်ခရိုင်ရှိ ဂါဂျီယိုကျွန်း၏ အရှေ့မြောက်ဘက်ရှိ ရေပြင်အတွင်း၌ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၈ မိနစ်တွင်   နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါငါးဖမ်း သင်္ဘောပေါ်တွင်  လူကိုးဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှုအတွင်း   ရေယာဉ်မှူးမှာ သေဆုံးသွားပြီး အခြားအမှုထမ်းနှစ်ဦးမှာ   ပျောက်ဆုံးလျက်ရှိကြောင်း၊ ကျန်ရေယာဉ်လုပ်သား   ခြောက်ဦးကို  ကမ်းခြေစောင့်တပ်ဖွဲ့က  ကယ်ဆယ်နိုင်ခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသည့် အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောအမှုထမ်း နှစ်ဦးအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။