တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၁၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်တွင်  ကရင်ပြည်နယ်  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း)၌ ဘားအံမြို့မှနေပြည်တော်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်   ပုစွန်နှစ်ကောင် စားအုန်းဆီ (၂) လီတာပါဘူး  (၆၀၀)နှင့် ဆပ်ပြာမှုန့် (၂၅)ကီလိုဂရမ်ပါ (၁၈)အိတ်၊  Honda Motorcycle (Used) (၃) စီး အပါအဝင်ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၃၅၀၀၀)နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၃၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၁၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် All in One PC Monitor (၁၅)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၄၅)အနီး၌ မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားမဝင်ကျွန်းသစ်(သုည ဒသမ ၈၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈၇၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Ipsum (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၇၈၇၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန်လ ၁၂ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ (၅)အိမ်စု၊ သီတာလှေဒေါင့်အနီး၌ ထိုင်းနိုင်ငံထုတ် ငါးဖမ်းပိုက်(၅၄၀၉)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး  စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၇၇၄၂၃)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊  စက်မှု(၁)၊ ၁၃၃ _ ၁၃၄ လမ်းကြား၊ ၆၃(အေ)လမ်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Mirror with Frame (၅၁၇)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၃၈၀၅၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၃၈၀၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန်လ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီဂါလန် (၃၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

 ဇွန်လ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၈၇၇)တန်၊ သစ်မာ (သုည ဒသမ ၈၄၆) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၁၀၆၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်   ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၈၈၉၁၄၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။