မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော် ဇွန် ၁၄

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၃ ရက် ညနေ ၅ နာရီတွင် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်  နှင်းဆီလမ်းရှိ သန့်ဇင်(ခ)ရှမင်း၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက် ညနေ ၃  နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက်ပေါ်ဆန်းမွှေးလမ်းတွင် အောင်သိန်းဝင်း(ခ)ကိုအောင် မောင်းနှင်ပြီး အောင်ပြည့်(ခ)အောင်လေးနှင့် တင်ဝင်းအောင်တို့ လိုက်ပါလာသည့် TOYOTA HILUX SURF မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း၊ စစ်ဆေးချက်အရ ည ၇ နာရီတွင် သန်လျင်မြို့နယ် မြို့ဟောင်းအနောက်ရပ်ကွက်ရှိ အောင်သိန်းဝင်း(ခ)ကိုအောင် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။