​​​​​​​ရွှေဘိုမြို့တွင် ဒေသခံလူငယ် ၃ ဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ရွှေဘိုမြို့တွင် ဒေသခံလူငယ် ၃ ဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇွန် ၁၅   

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၌ ဇွန်လ ၁၄ ရက်နေ့တွင် တပ်မတော်က လူဦးရေစာရင်းကောက်ယူပြီး လူငယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း မှန်ကန်မှုမရှိသော သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန် ရှိသူတစ်ဦးထံဆက်သွယ်မေးမြန်းရာ ဇွန် ၁၄ ရက်နေ့တွင် တပ်မတော်အနေဖြင့် ရွှေဘိုမြို့နယ်အတွင်း ပုံမှန်လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိပြီး လူဦးရေစာရင်း ကောက်ယူခြင်းနှင့် လူငယ်များကို ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းသိရှိရသည်။ ရွှေဘိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးတာဝန်များကို တည်ဆဲဥပဒေများနှင့် အညီ ထမ်းဆောင်လျက်ရှိပြီး ပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်မှုမရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။