နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဇွန် - ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဝန်ကြီး ချုပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်း

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မိတ္ထီလာ-သာစည်လမ်းရှိ ဦးမြဟန် ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်းသို့ ရောက်ရှိကြရာ  လုပ်ငန်းရှင် ဦးမြဟန်က ဆိတ်နှင့်သိုးများမွေးမြူထားရှိမှု၊ ဒေသထွက် ကုန်များဖြစ်သည့် ဝါစေ့ခွံ၊ ဇီးခွံ၊ ပဲနောက်၊ ပဲတီစိမ်းဖတ်များ၊ မြေပဲရိုးများဖြင့် စပ်စာ ကျွေးမွေးလျက်ရှိမှု၊ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိမှုနှင့် လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသတွင်း မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်း၊ မိရိုးဖလာစနစ်အတိုင်းမွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်း အဖြစ်သို့လည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူထုတ်လုပ်သူနှင့် ဝယ်ယူစားသုံးသူတို့၏အကြား၌ ကြားခံအဆင့်များ များနေပါက အသားငါးဈေးနှုန်းများ သည်လည်း ကြီးမြင့်နေမည်ဖြစ်သဖြင့် မွေးမြူထုတ်လုပ်သူနှင့်  စားသုံးသူတိုက်ရိုက် စနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အကောင်လိုက်ရောင်းချခြင်း ထက် အသားကို အဆင့်မီထုတ်ကုန်အဖြစ် ထုတ်လုပ်၍ အေးခဲသားများ၊ အသားခြောက် များ ပြုလုပ်ရောင်းချနိုင်ရေးအတွက် အသားထုတ်လုပ်မှုစက်ရုံကိုလည်း ဆောင်ရွက် သင့်ကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ထိုက်သင့်သည့်အမြတ်ရရှိရေး၊ စားသုံးသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဖြစ်သင့်ဖြစ်ထိုက်သည့် အသားဈေးနှုန်းများကို သတ်မှတ်ဆောင်ရွက်ပေး နိုင်ရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး လုပ်ငန်းခွင်အခက်အခဲများကိုမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆူးဖြူခက် ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်း သို့ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမောင်မြင့်က လုပ်ငန်းလည်ပတ်လျက်ရှိမှုအခြေအနေ များ၊ ဂျိတ်နီဆိတ်မျိုးနှင့် ထိန်စမ်းဆိတ်မျိုးတို့ကို မွေးမြူထားရှိမှုအခြေအနေများ၊ အစာကျွေးမွေးမှုစနစ်များနှင့် နေဗီယာမြက်စိုက်ခင်း ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသတွင်းထွက်ရှိသည့်ကုန်ကြမ်းများကို အကျိုးရှိရှိ အသုံးပြု၍ ယခုကဲ့သို့မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဆိတ်များအား အမျိုးအစားအလိုက်၊ အသက်အရွယ်အလိုက် အသားနူးညံ့မှုနှုန်းထားနှင့် အာဟာရပါဝင်မှုနှုန်းထားများကိုလည်း သုတေသနပြု ဆောင်ရွက်သင့်ကြောင်း၊ ပြည်ပနိုင်ငံများ၏ မွေးမြူမှုစနစ်များနှင့် အစာကျွေးမွေးမှု စနစ်များကိုလည်း အမြဲမပြတ်လေ့လာကြည့်ရှုရန်လိုကြောင်းနှင့် အခြားလိုအပ်သည် များကို ဆွေးနွေးပြောကြားကာ GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်းမှ ဝန်ထမ်း များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ကောင်းထက်စံ နို့စားနွားမွေးမြူရေးလုပ်ငန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောမကျေးရွာရှိ ကောင်းထက်စံနို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိ ကြရာ လုပ်ငန်းရှင် ဦးခင်မောင်ဝင်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စား နွားများ မွေးမြူထားရှိမှုနှင့် နွားသားပေါက်များမွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ထုတ်လုပ် ရရှိမှုအခြေအနေများ၊ ဝင်းဝင်း ‘တမ’ နို့ချက်စက်ရုံမှ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး နို့နှင့်နို့ထွက်ပစ္စည်းများအား ပြည်ပနိုင်ငံ များမှတင်သွင်းနေရမှုအပေါ် ပြည်တွင်းထုတ် နို့နှင့် နို့ထွက်ပစ္စည်းများဖြင့် အစားထိုးနိုင် ရန်လိုအပ်သည့်အခြေအနေများနှင့် အခြားလိုအပ်သည်များကို အကြံပြု ဆွေးနွေး ပြောကြားသည်။

Leader of Textile Public Co.,Ltd

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်သို့‌ရောက်ရှိကြပြီး မြန်မာနိုင်ငံရှိ မိရိုး ဖလာယက္ကန်းလုပ်ငန်းများကို ခေတ်မီတိုးတက်စေရန်၊ အရည်အသွေးပြည့်မီသော ချည် ထည်များ ထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပသို့တင်ပို့နိုင်ရန် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ရွှေတောင်၊ အမရပူရမြို့နယ်များမှ ယက္ကန်းလုပ်ငန်းရှင်များ စုပေါင်း၍ တည် ထောင်ထားသည့် Leader of Textile Public Co.,Ltd  သို့ ရောက်ရှိကြရာ ဒါရိုက်တာ အဖွဲ့ဝင် ဦးလှဘူးနှင့် အင်ဂျင်နီယာ ဦးအောင်နိုင်ထွန်းတို့က လုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများကို လိုက်လံရှင်းလင်းတင်ပြ ကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး အခက်အခဲ များအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည်။

ကိန္နရီ ချည်ချောလုံချည်ထုတ်လုပ်ရေးလုပ်ငန်းစု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝမ်းတွင်းမြို့ရှိ ရွှေသဲတောကုမ္ပဏီ၊ ကိန္နရီချည်ချောလုံချည် ထုတ် လုပ်ရေးလုပ်ငန်းစုသို့ရောက်ရှိကြရာ လုပ်ငန်းမှ ဦးမြတ်မိုးဝင်းနှင့် ဒေါ်သန်းသန်းအေး တို့က ချည်ငင်လုပ်ငန်းဆောင်ရွက်မှု၊ ယက္ကန်းခတ်လုပ်ငန်းဆောင်ရွက်မှု၊ ဒေသတွင်း အလုပ်အကိုင်ဖော်ဆောင်ပေးနိုင်မှုနှင့် အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ထုတ်လုပ်ထား သည့် ပုဆိုးများကို ခင်းကျင်းပြသသည်။  ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်း အထည်အလိပ်ထုတ် လုပ်ရေးလုပ်ငန်းများ၌ အချို့သောချည်များကို ပြည်ပမှတင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ်ချည်မျှင်များကို အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ပြီး အသုံးပြုနိုင် ပါက ပိုမိုအကျိုးရှိစေမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များလည်း လျော့ကျလာ စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှထွက်ရှိသည့်ချည်များဖြင့် အထည်များ ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြား ပြီး လုပ်ငန်းခွင်အခက်အခဲများအား မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။