စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး

စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေး

 

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ၊ မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား  ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စားသုံးဆီကြီးကြပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် တာဝန်ခံရုံးအုပ်  ဦးဝင်းသွင်နှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် အတွင်းရှိ စားသုံးဆီ ရောင်းချသည့်ဆိုင်များအား   စားသုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီစေရေး၊ စားသုံးသူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေး၊   ဈေးနှုန်းတည်ငြိမ်စွာ ပြည်သူများ ဝယ်ယူစားသုံးနိုင်ရေးတို့ အတွက်  ကွင်းဆင်းစစ်ဆေးကြပြီး စားသုံးဆီရောင်းချသည့်   ဆိုင်များအား သတ်မှတ်ဈေးထက်  ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့်   ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့်  အရေးယူဆောင်ရွက်သွားမည့် အရာများကို  ရှင်းလင်းပြောကြားကြောင်း  သိရသည်။