ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ကော့ကရိတ်  ဇွန်  ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဒေါန ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာ စကားပြောကြားပြီး   ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းခန့်က မြို့လုံခြုံရေး ကိစ္စရပ်များအား တပ်မတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် စေလိုကြောင်း၊   အကူအညီလိုအပ်ပါက အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံ နိုင်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက  အကြမ်းဖက် သောင်းကျန်းသူများကြောင့်  မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည့်ဘုန်းတော်ကြီးကျောင်း များနှင့် သာသနိက အဆောက်အအုံများ၊ အခြေခံပညာကျောင်းများနှင့် ကျန်းမာရေးဌာနများအား ပြန်လည်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို  တင်ပြခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်၍  တက်ရောက်လာကြသည့် သက်ဆိုင်ရာကော်မတီအဖွဲ့များနှင့်  ဌာနအသီးသီးက ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြခဲ့ကြကြောင်း သိရသည်။