မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဇွန်  ၁၅

      မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင်  ရွာငံမြို့နယ် မြို့ကြီးကျေးရွာအုပ်စု မြို့ကြီး ကျေးရွာအနီးတွင် ဏမသဘသထ အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ကော်ပုံး နှစ်ပုံးအတွင်းမှ ဘိန်းဆီခဲ ၂၂ ဒသမ ၀၈ ကီလို ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲတွင်  တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းနော်ဆိုင်လိန် မောင်းနှင်လာသည့် NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ   စိတ်ပြောင်းဆေးဝါး ကက်တမင်း နှစ်ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။