ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ် ရှစ်ဦး ထပ်တိုး

နေပြည်တော်   သြဂုတ်  ၁၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19  ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများတွင် COVID-19  ရောဂါပိုးတွေ့ လူနာသစ်     ရှစ်ဦးရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၁၂-၈- ၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ  ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၆၈၁ ခုနှင့်  ရန်ကုန်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံ ကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၇၁  ခု စုစုပေါင်း ၈၅၂ ခုအား စစ်ဆေးပြီးစီးခဲ့ ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။

(၁၂-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင် ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်၊ ဒုတိယ အသုတ်ဓာတ်ခွဲနမူနာ  ၁၂၆ဝ ခု၊ ဆေး သုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၂ဝ၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ ၁၃၁ ခု၊ ပြည်သူ့ကျန်းမာ ရေးဓာတ်ခွဲမှု ဆိုင်ရာဌာန  (မော်လမြိုင်)  (PHL-MLM)မှ ဓာတ်ခွဲနမူနာ  ၂၅၄ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၇၁ ခု စုစုပေါင်း ၂ဝ၂၁ ခုအား စစ်ဆေး ခဲ့သည်။

(၁၃-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)  (NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၆၂၆ခုနှင့်  ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ ၂၉၆ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ ၁၇၇  ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(မော်လမြိုင်) (PHL-MLM)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု စုစုပေါင်း ၁၃၅၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာ သစ်ရှစ် ဦး တွေ့ ရှိရသည်။

(၁၃-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၆၉ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ သုံးဦး  (Case-309, 346 နှင့်  349) ရှိသဖြင့် ယနေ့အထိ COVID-19  ရောဂါ ပိုးကင်း စင် လာသူ စုစုပေါင်း ၃၂၁ ဦးရှိသည်။ ၎င်းတို့အနက် ၃၁၂ ဦးအား ဆေးရုံမှ  ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။

(၁၂-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီမှ (၁၃-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာ အသစ် ၁၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။