မိုင်းရယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ     

 

မိုင်းရယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ     

 

မိုင်းရယ် ဇွန် ၁၆

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဌာနဆိုင်ရာများ  ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)မိုင်းရယ်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူရေး အတွက် လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်းကို မြို့မဈေးကြီးနှင့် လူစည်ကားရာ နေရာများတွင် ပြုလုပ်သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊    မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက မြို့မဈေးကြီးရှေ့နှင့် ဈေးကြီးအတွင်း ခရီးသွားပြည်သူများနှင့် ဈေးသူဈေးသားများကို  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လမ်းဆုံလမ်းခွများ၊ လူစည် ကားရာရပ်ကွက်များ၊ စားသောက်ဆိုင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နံရံကပ်ဘုတ်တို့တွင်  ပိုစတာများ ကပ်ခြင်းစသည်တို့ကို  စုပေါင်းဆောင်ရွက်ကြသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူအားလုံး ပါဝင်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။