ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖူးစားပြောင်း အဖူးရေ  ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

 

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖူးစားပြောင်း အဖူးရေ  ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့

 

ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ   ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ဖူးစားပြောင်းအဖူးရေ ၇၄၀၀၀    အထိ      တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း  ကျိုက်လတ်မြို့နယ်၌ လယ်ယာ ထွက်ကုန်ရောင်းဝယ်ရေး    ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးခိုင်၏ ပြောဆိုချက် အရ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက် သို့ မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ တာကာလအတွင်း ဖူးစားပြောင်း အဖူးရေ   ၇၄၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။

ကျိုက်လတ်မြို့နယ်မှ  လယ်ယာထွက် ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင် သူများသည် ဒေသထွက် ဖူးစားပြောင်းများ ကိုဝယ်ယူပြီး ကုန်တင်ယာဉ်များဖြင့် ရန်ကုန်ဈေးကွက်သို့   ပြန်လည်ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊    အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပိုးမွှားကင်းရှင်းပြီး အဖူးရေ ၁၀၀၀ လျှင် ငွေကျပ် ၂၈၀၀၀၀ မှ ၃၄၀၀၀၀ အထိ ဈေးရှိကြောင်း သိရသည်။