AI နှင့် စက်ရုပ်လက်တံများကို ပူးပေါင်းအသုံးပြုမှုက လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေမည်

 

AI နှင့် စက်ရုပ်လက်တံများကို ပူးပေါင်းအသုံးပြုမှုက လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်စေမည်

 

AI  နည်းပညာအသုံးပြု စက်ရုပ်လက်တံများကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်ကို ချွေတာနိုင်မည့်အပြင် စက်ရုပ်နည်းပညာကိုလည်း တိုးတက်စေမည်ဖြစ်ကာ ကမ္ဘာမြေ ပေါ်တွင် သာမက အာကာသထဲတွင်လည်း လူသားများ၏ စွမ်းဆောင်ရည်ကို တိုးတက်  စေမည်ဖြစ်သည်။

အဆိုပါ AI နည်းပညာသည် ၎င်းအတွက် သီးသန့်ပရိုဂရမ်များ ရေးဆွဲရခြင်းမရှိဘဲ လူသားများ၏ အမှန်တကယ် လှုပ်ရှားမှုများကို သင်ယူခြင်းဖြင့် စက်ရုပ်လက်တံများကို ထိန်းချုပ်မည်ဖြစ်သည်။

ထိုသို့သော  နည်းပညာနှင့်စက်ရုပ် လက်တံများကို အသုံးပြုခြင်းအားဖြင့် စက်ရုံအလုပ်သမားများ အတွက်သာမက အာကာသယာဉ်မှူးများအပြင် ကိုယ်အင်္ဂါမသန်စွမ်းသူများကိုပါ ကောင်းစွာ လှုပ်ရှားနိုင်စေသော လူများဖြစ်စေမည်ဖြစ်သည်ဟု သုတေသန ပညာရှင်များက ပြောသည်။

စက်ရုပ်လက်တံများကို ယခင်ကတည်းက အသုံးပြုလာခဲ့ခြင်းဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာ အတားအဆီးများ ရှိနေသောကြောင့်  ထိုအတားအဆီးကို AI နည်းပညာဖြင့် ကျော်လွှားခြင်းဖြစ်သည်။

ယခုကဲ့သို့ စက်ရုပ်လက်တံများကို AI နည်းပညာဖြင့် ပေါင်းစပ်လိုက်သည့်အခါ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လှေကားတက်ခြင်း စသည့်လှုပ်ရှားမှုများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။