အမေရိကန်၌ မှိုစွဲရောဂါ ကူးစက်မှု အသစ်ဖြစ်ပွားနေ

 

အမေရိကန်၌ မှိုစွဲရောဂါ ကူးစက်မှု အသစ်ဖြစ်ပွားနေ

 

အမေရိကန်နိုင်ငံတစ်ဝန်း၌ လက်ရှိဖြစ်ပေါ်နေသော ကူးစက်မှုမြန်ဆန်ပြင်းထန်သည့် မှိုစွဲရောဂါကူးစက်မှုနှင့် ပတ်သက်၍  ကျန်းမာရေး တာဝန်ရှိသူများက သတိပေးထားသည်။

အဆိုပါရောဂါသည် ပွေးရောဂါကဲ့သို့ဖြစ်ပြီး  ကူးစက်မှုမြန်ဆန်ကာ အလွန်အမင်း ယားယံမှုကိုဖြစ်စေသောကြောင့် လူထုကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

မှိုစွဲကူးစက်ရောဂါများအနက် တစ်ခုသည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး ကုသမှု များ လုပ်ဆောင်နေသည့်တိုင် ရောဂါပျောက်ကင်းရန် လပေါင်းများစွာကြာမြင့်နိုင်သည်ဟု သုတေသီများက ပြောသည်။

နောက်ထပ်သုတေသနတစ်ခုတွင်မူ   အလားတူမှိုစွဲကူးစက် ရောဂါပိုးများသည် လက်ရှိကုသမှုများကို ခံနိုင်ရည်ရှိနေကြောင်း လူနာများတွင် တွေ့ရသည်ဟု  ဖော်ပြထား သည်။

မှိုစွဲကူးစက်ရောဂါပိုးများသည်  အရေပြားယားယံခြင်းကိုဖြစ်စေပြီး  မျက်နှာနှင့် ခြေလက်များတွင် ကူးစက်စေကာ ၎င်းတို့ကို နှင်းခူကြောင့်ဖြစ်သည့် ယားနာရောဂါအဖြစ် အထင်မှားတတ်သောကြောင့် လပေါင်းများစွာကြာသည့်တိုင် ထိရောက်သော ကုသမှုများမရရှိနိုင်ခြင်းဖြစ်ကြောင်း သုတေသီများက ပြောသည်။