ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ယာဉ်ယန္တရားများ ပြင်ဆင်စုဖွဲ့ထားရှိမှုအား ကြည့်ရှု စစ်ဆေး

 

ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ယာဉ်ယန္တရားများ ပြင်ဆင်စုဖွဲ့ထားရှိမှုအား ကြည့်ရှု စစ်ဆေး

 

ကယားပြည်နယ်အတွင်း    မြို့များ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ မြို့နယ် ၊ မြို့စည်ပင်သာယာရေး အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက် ၉ နာရီတွင်  ပြည်နယ်စည်ပင်သာယာရေး အဖွဲ့အစည်းအဝေး ခန်းမ၌  ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ကယားပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ   ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင်   ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ရေး၊  စည်ပင်သာယာရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်အတွက် လူအင်အားစုဖွဲ့မှု၊ ယာဉ်စက်ယန္တရား စုဖွဲ့မှုများနှင့် အုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားလိုကြောင်း၊ မြို့ပြသန့်ရှင်းသပ်ရပ်  သာယာလှပရေး ညွှန်ကြားချက်(၁၆)ချက်နှင့်အညီ မြို့များမြို့အင်္ဂါရပ်ပြည့်စုံစေရေး၊ သောက်သုံးရေရရှိရေး၊အမှိုက်များ စည်းကမ်းစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် စီမံချက်များရေးဆွဲ၍ ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊   အခွန်အကောက်များ ပြည့်ပြည့်၀၀ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပြီး  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်ဝရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးလေလွင့်မှု မရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား စိစစ်သုံးစွဲရန် မှာကြားလိုကြောင်း၊ ပြည်သူများစိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဈေးအသစ် တည်ဆောက်နေစဉ် ကာလအတွင်း   ယာယီဈေးအား   စည်းကမ်းတကျဖြင့် အမြန်ဆုံး ဖွင့်လှစ်ရောင်းချနိုင်ရေး မှာကြားခဲ့သည်။

ထို့နောက်   ခေတ္တပြည်နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိစည်ပင် သာယာရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လူ/ယာဉ်ယန္တရားစုဖွဲ့ထားရှိမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက် နိုင်ရေးအတွက် လူနှင့်ယာဉ်စက်ယန္တရားစုဖွဲ့ထားရှိမှု၊ ယာဉ်များကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များမှ ဝန်ထမ်းများအား   အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)