နိုဗယ်ကိုရိုနာ တိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံက အသုံးပြုတဲ့နည်းပညာခုနစ်မျိုး

 

နည်းပညာ အပိုင်း(၁) တရုတ်နိုင်ငံကတော့ ကမ္ဘာ့ကပ်ရောဂါ ကို ကျော်လွှားသွားနိုင်ပြီလို့ဆိုပါတယ်။ အခုဆိုရင် တရုတ်ပြည်မကြီးမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်နောက်ထပ်ကူးစက်မှုတွေ မရှိတော့ဘူးလို့  အမျိုးသားကျန်းမာရေးကော်မရှင်က  မတ် ၃၁ ရက်မှာ ထုတ်ပြန် ပါတယ်။ မတ် ၃၀ ရက် ညပိုင်းအထိ ဗိုင်းရပ်ကူး စက်ခံထားရသူ ၇၇၁ ဦးရှိပေမယ့်လည်း သူတို့အားလုံးဟာ ပြည်ပကနေ ပြန်လာသူ များဖြစ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံမှာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း ၈၁၅၁၈ ဦးရှိပြီး သူတို့ထဲကမှ ၂၁၆၁ ဦးက ကုသမှု ဆက်လက်ခံယူကာ ၇၆၅၀၂ ဦးကတော့ ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့အတွက်  ဆေးရုံကနေ ဆင်းသွား ကြပါပြီ။ သေဆုံးသူ စုစုပေါင်းကတော့ ၃၃၀၅ ဦးပါ။ 
ဒါကြောင့်    ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် တရုတ်နိုင်ငံကလုပ်ဆောင်တဲ့နည်းလမ်းတွေကို ဖော်ပြပြီး ပါပြီ။ အခုဖော်ပြလိုတာကတော့ နည်းပညာ မှာထိပ်တန်းနေရာရောက်လာတဲ့  တရုတ်နိုင်ငံက ဗိုင်းရပ်တိုက်ဖျက်ရေး မှာ ဘယ်လို နည်းပညာတွေကိုအသုံးပြုသွားတယ်ဆိုတာ ဖော်ပြလိုပါတယ်။ ကောင်းကင်ယံက ဒရုန်းများ ဒရုန်းဆိုတာကတော့ တရုတ်နိုင်ငံမှာ အသုံးအများဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ နှစ်သစ်ကူးညကတောင်မှ  ဒရုန်းအစင်း ပေါင်း  ၂၀၀၀  ကျော်နဲ့  သရုပ်ဖော်ပုံ အမျိုးမျိုးလုပ်ပြီး  ႏွစ္သစ္ကိုႀကိဳဆိုသြားတာပါ။ အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အချိန်မှာတော့ တရုတ်နိုင်ငံဒေသအများအပြားရဲ့ကောင်းကင်ယံမှာ  ဒရုန်းတွေသာ ကြီးစိုး နေခဲ့ပါတယ်။ ဒီဒရုန်းတွေကို ဘာအတွက်အသုံးပြုတာလဲဆိုရင်  အသံချဲ့စက်တွေတပ်ပေးပြီး သတင်းအချက်အလက် မျှဝေ ပေးခြင်း၊  တစ်ဦးနဲ့တစ်ဦးထိတွေ့စရာမလိုဘဲ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ မှတ်ပုံတင်နိုင်ရေးအတွက် QRကုတ်ပါတဲ့ ဆိုင်းဘုတ်ချိတ်ဆွဲ ပျံသန်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ပါဆယ်ထုပ်များ ပေးပို့ခြင်းနဲ့ လူတွေရဲ့အပူချိန်ကို တိုင်းတာခြင်း တို့ အတွက် အသုံးပြုတာဖြစ်ပါတယ်။ အပူချိန်တိုင်းတာရာမှာဆိုရင်လည်း အနီအောက်ရောင်ခြည်သုံးအပူပုံရိပ်ဖော် နည်းပညာကို အသုံးပြုတာပါ။   အဲဒီ နည်း ပညာဟာ ကျွမ်းကျင်သူတစ်ဦးရဲ့အပူချိန်တိုင်းတာမှုထက်ပင်  ပိုမိုတိကျမှန်ကန်ပြီး လူတွေကို ကယ်ဆယ် ရွှေ့ပြောင်းရာမှာလည်း ပိုမိုအလုပ်တွင် စေပါတယ်။  တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာညွှန်ကြားချက်တွေကို  ဒရုန်းက ဖတ်ပြပေးနိုင်ခြင်းဟာ ဝန်ထမ်းတွေနဲ့ ဒေသခံတွေ အကြား ထိတွေ့ဆက်ဆံရမှုကို လျှော့ချပေးနိုင်တဲ့အတွက်   ဆင့်ပွားဗိုင်းရပ်ကူးစက်ခံရနိုင်ခြေကို  သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ရှန်ကျန်းမြို့အခြေစိုက DJI ကုမၸဏီက  ဒရုန်းနဲ့ပိုးသတ်ဆေးဖျန်းခြင်းနဲ့ မှတ်တမ်းရယူနိုင်ရေးအတွက် ယွမ် ၁၀ သန်းမ တည် ရင်းနှီးမြှုပ်နှံပါတယ်။ တရုတ်နိုင်ငံရဲ့နံပါတ် (၁) စိုက်ပျိုးရေးသုံးဒရုန်းထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ XAG ကလည်း ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေမှာ ဒရုန်းနဲ့ ပိုးသတ်ဆေးဖျန်းဖို့ ယွမ်သန်း ၅၀ ရင်းနှီးမြှုပ်နှံပါတယ်။ 
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြည့်ရင်လည်း မြို့နယ်အများအပြားက အပင်ပိုးသတ် ဆေးဖျန်း ဒရုန်းတွေကို အသုံးပြုပြီး  ပိုးသတ်ခြင်းလုပ်ငန်းတွေ လုပ်ပါတယ်။ ဥပမာအားဖြင့် ရှန်တုံပြည်နယ် ဟူဂျီမြို့မှ ရွာသားတွေဟာ ဆိုရင် စတုရန်း မီတာ ၄၈၀၀၀၀ လောက်ရှိတဲ့ ဧရိယာကို ပိုးသတ်ဆေးဖျန်းဖို့   ဒရုန်းနှစ်စင်းသာ အသုံးပြုရပြီး   နေ့လယ် မတိုင်မီ မှာပြီးစီးပါတယ်။ စိုက်ပျိုးရေးသုံး ဒရုန်းတွေကို  နောက်တစ်နည်းအသုံးပြုတာကတော့ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး မှာဖြစ် ပါတယ်။ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့မှာ ဆိုရင် ဆေးဝါးကုမ္ပဏီတွေက ဆေးပစၥည်းတွေကို   ဒေသတွင်း ဆေးရုံ တွေဆီ ဒရုန်းနဲ့ပဲပို့တာပါ။ ကျဲ့ကျန်းစီးချန် ပြည်သူ့ဆေးရုံဆိုရင်လည်း လူနာတွေရဲ့ဆေးစစ်နမူနာတွေကို ဒရုန်းနဲ့ပဲ ပို့တာဖြစ် တဲ့အတွက် မတော်တဆဗိုင်းရပ်ကူးစက်မှုကိုလည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ တွင်ကျယ်စွာသုံးတဲ့ စက်ရုပ်များ ပေကျင်း၊ ကျဲ့ကျန်း၊ ကွမ်တုံ၊ ဟူဘေးနဲ့ ဟူနန်တို့မှာရှိတဲ့ ဆေးရုံတွေဟာ လူနာနဲ့ သူနာပြု အကြား တိုက်ရိုက်ထိတွေ့စေခြင်း မရှိတဲ့ စက်ရုပ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။ ဆေးရုံဝန်ထမ်းက သက်ဆိုင်ရာ သောက်ဆေးတွေ၊ ညွှန်ကြားချက်တွေကို စက်ရုပ်တွေအပေါ်တင်ပြီး လူနာဆီလွှတ် လိုက်ပါ တယ်။ 

လူနာက စက်ရုပ်အပေါ်က ပစ္စည်းတွေကို ယူပြီးပြီဆိုရင် စက်ရုပ်က သူနာပြုတွေဆီကို အလို အလျောက် ပြန် လာပါတယ်။ အဲဒီနေရာမှာ  သူတို့ကိုပိုးသတ်ခြင်း တွေလုပ်ပြီး နောက်ထပ်လူနာတွေဆီကို ပို့ဆောင်မှုတွေဆက်လုပ်ပါတယ်။ တချို့ ဆေးရုံတွေမှာရှိတဲ့  စက်ရုပ်တွေဆိုရင်  ဒီလိုပို့ဆောင်မှုကို အဆောင် ၂၀ အထိလုပ်နိုင်ပါတယ်။ စက်ရုပ်တွေအပြင် မောင်းသူမဲ့ယာဉ် တွေဆိုရင်လည်း လိုအပ်တာမှန်သမျှကို မိနစ် ၃၀ မှာ ၂၄ ကြိမ်အထိ ပို့ဆောင် ပေး နိုင်ပါတယ်။ ဒီလိုမျိုး ပို့ဆောင်ပေးနိုင်ခြင်းဟာ ပို့ဆောင်ရေး ဝန်ထမ်းတွေရဲ့ ဒုကၡတွေကို အများဆုံး လျှော့ချ ပေးနိုင်ပါတယ်။ အခုလို  တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ ဗိုင်းရပ် ကူးစက်မှုဖြစ်ပွားနေချိန်မှာ လူတစ်ဦးနဲ့တစ်ဦးထိတွေ့မှု မရှိစေဘဲ လိုအပ်တာ တွေကို ပေးပို့နိုင်တာ၊ သွားလို တဲ့နေရာတွေကိုပို့ဆောင်နိုင်တာတွေဟာ  တရုတ်နိုင်ငံမှာ ဗိုင်းရပ်ကူး စက်မှုကို လျှော့ချ ပေးနိုင်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။