(၉)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင် အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၃

(၉)ကြိမ်မြောက်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အကောင် အထည်ဖော်မှုဆိုင်ရာ  ညှိနှိုင်း အစည်းအဝေး (JICM) ကို   ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)ရှိ နီလာခန်းမ၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အစည်းအဝေးသို့   ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြ သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊  ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့်   ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊   ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊    ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ခင်ဇော်ဦး၊ ငြိမ်းချမ်းရေး ကော်မရှင်မှ    အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊    နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့်တာဝန်ရှိသူများ   တက်ရောက်ကြပြီး  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်  (PNLO)ဦးဆောင်နာယက ဖြားတန်ခွန် ဥက္ကာ၊ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး  (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊   ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောမိုရှေး၊ စောစိန်ဝင်း၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)  အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ နော်က ပေါ်ထူး၊   တွဲဖက်အတွင်းရေးမှူး စောကျော်ညွန့်၊ (KNU)ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်း ရေးမှူးချုပ် ပဒိုစောတာ ဒိုမူး၊ ဗဟိုကော်မတီဝင် ပဒိုစော အယ်ကလူစေး၊    လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာခွန်ဆာ၊ အတွင်းရေးမှူး ကျာဆော်လမွန်၊ ချင်းအမျိုးသားတပ်ဦး (CNF)ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့်    ဗဟိုကော် မတီ ဝင် နိုင်အောင်မငေးတို့ တက်ရောက်ကြသည်။

အစည်းအဝေး မစတင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ၂ဝ၁၆ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အချိန်ကာလ အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်း အစည်း အဝေး  (JI-CM)တွင် ငြိမ်းချမ်းရေးဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊   ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊  ကရင်အမျိုးသားအစည်း အရုံး (KNU) ဥက္ကဋ္ဌ  စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ မွန်ပြည်သစ် ပါတီ (NMSP)  နာယက နိုင်ထောမွန်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)  အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နော်က ပေါ်ထူး၊    ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) မှစောမိုရှေး၊ ချင်းအမျိုးသား တပ်ဦး (CNF)ဥက္ကဋ္ဌ ပူးဇင် ကျုံး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ  ဦးသံခဲ၊   ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)ဦးဆောင် နာယက ဖြားတန်ခွန်ဥက္ကာ၊   လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာခွန်ဆာနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU)ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့ကို ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ပြည် ထောင် စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် ကြိုးပမ်း ဆောင်ရွက်ချက်များအရ ငြိမ်းချမ်းရေးဦးဆောင်သူများ ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ တို့ကို လက်ရောက်ပေးအပ် ထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကြေညာသည်။

ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် အားလုံးသိရှိထားပြီးဖြစ်သည့်အတိုင်း   မိမိတို့နိုင်ငံသည် လွတ်လပ်ရေး နှင့်အတူ  ကြုံတွေ့ခဲ့ရ သည့် မတူကွဲပြားသော ဝါဒရေးရာပဋိပက္ခ၊ တန်းတူရေးပဋိပက္ခများကို  နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါကြောင်း၊ အကျိုးဆက်အားဖြင့် လက်နက်ကိုင်ပြီး ဖြေရှင်း ကြရာမှ လက်နက်ကိုင်ပဋိ ပက္ခ၊ လက်နက်ကိုင်တိုက်ပွဲများမချုပ်ငြိမ်းနိုင်ဘဲ ယနေ့ အနေအထားအထိ ဆိုက်ရောက် ခဲ့ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးအတွက် ခေတ်အဆက် ဆက်တွင် နည်းလမ်းမျိုးစုံ၊ ချဉ်းကပ်မှု ပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်းနှစ်ပေါင်းခုနစ်ဆယ်ကျော်သည့်    ယနေ့ ယခုအချိန်တိုင် ဆက်လက်ကြိုးပမ်းနေရဆဲပင်ဖြစ်ပါကြောင်း၊ ယနေ့မိမိတို့ခေတ်၊ မိမိတို့ကာလတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရ ခြင်း၏ဇာစ်မြစ်ဖြစ်သည့် အမျိုးသားတန်းတူရေးနှင့်   အမျိုးသား ညီညွတ်ရေးအတွက် ဖြေရှင်း ချက်သည်  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်သည်ကို အားလုံးက တညီတညွတ်တည်း လက်ခံ ထားကြပြီးဖြစ်ပါကြောင်း။

သို့သော်လည်း ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို မည်သည့်လုပ်ငန်းစဉ်မျိုးဖြင့် ကူးပြောင်း၍    ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို မည်သည့်အဆင့်မျိုးဖြင့်တည်ဆောက်ကြမည်ဆိုသည့်နေရာတွင် မိမိတို့အကြား သဘောထားများအမျိုးမျိုး အဖုံဖုံကွဲပြားနေခဲ့ကြပါကြောင်း၊ ယင်းသည်လည်း သဘာဝကျပါကြောင်း၊ မတူကွဲပြား  သည့် သဘောထားအမြင်များကို တစ်ထပ်တည်းကျစေရန်နှင့် တစ်ခုတည်းဖြစ်စေရန် အတင်းအကျပ်ဖိအား ပေးမှု များဖြင့် ဖြေရှင်း၍ မရနိုင်ပါကြောင်း၊ နှစ်ပေါင်းခုနစ်ဆယ်ကျော် ကွဲပြားခြားနားခဲ့သည့်  သဘောထားများကြားမှ ပြည်ထောင်စုကို မည်သို့ရှေ့ဆက်ကြမည် ဆိုသည့် ဘုံတူညီချက်ကိုရှေးရှုနိုင်ရန် ဦးစွာကြိုးပမ်းခဲ့ကြရခြင်း ဖြစ်ပါ ကြောင်း၊ နားလည် မှုများမျှဝေကြရပြီး   ယုံကြည်မှုများတည်ဆောက်ကြရပါကြောင်း၊   ထိုသို့နားလည်မှု၊ ယုံကြည်မှု များ တည်ဆောက်နိုင်ရန် အတွက် မိမိတို့တိုင်းရင်းသားများ၏ဒဏ်ရာဒဏ်ချက်များ၊ ခံစားချက်များ၊ နာကျင်မှုနှင့် လိုအင် ဆန္ဒများကို ထပ်တူခံစားပေးနိုင်ရန် အထူးပင်အရေးကြီးပါကြောင်း။

ယနေ့တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းများမှ နေ၍ ကွဲပြား ခြားနားမှုများကြားမှ  အားလုံးသဘောတူလက်ခံနိုင်သည့် အဆင့်လိုက် လမ်းစဉ်တစ်ခု၊ အသေးစိတ် အစီအစဉ်တစ်ရပ် ကိုသဘောတူ ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ယင်းမှာ နှစ်ဖက်အလုပ်အဖွဲ့များတင်ပြလာခဲ့သည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု   ပင်လုံ စတုတ္ထအစည်းအဝေးတွင်ချုပ်ဆိုမည့် ပြည် ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၃)၏မူကြမ်းပင်ဖြစ်ပါကြောင်း၊   အဆိုပါ သဘောတူစာချုပ်သည် မိမိတို့ရင်ဆိုင် တွေ့ ကြုံနေရသည့် လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်း၊   ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ချိတ်ဆက်ပြီး ဖြေရှင်း နိုင်မည့် လမ်းကြောင်းတစ်ခုကို ထင်ထင် ရှားရှားဖော်ပြနိုင်တော့မည်ဖြစ်ပါကြောင်း။

ယင်းစာချုပ်သည် ပြီးပြည့်စုံသည့်စာချုပ် တစ်ရပ်ဖြစ်ပြီလားဆိုလျှင် မပြည့်စုံသေးဘူး ဆိုသည်ကို  မိမိတို့အမှန် အတိုင်း ရှုမြင်ကြရန်၊ အမှန်အတိုင်းလက်ခံကြရန်လိုအပ်ပါကြောင်း၊ ၂ဝ၂ဝ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များ နှင့်အဆင့်လိုက် အကောင်အထည်ဖော်မှုများတွင် ခေါင်းစဉ်ကြီး(၈)ခုကိုဖော်ထုတ်နိုင်ခဲ့ကြသော်လည်း အသေးစိတ် ဆက်သွားရမည့် လုပ်ငန်းစဉ်များကို မိမိတို့ဆက်လက်ဆွေး နွေးညှိနှိုင်းကြရဦးမည်ဖြစ်ပါကြောင်း၊ အဆင့် လိုက် သွားမည့် လုပ်ငန်းစဉ်များတွင် မည်သည့်အချိန်၌ ပြည်နယ်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို မည်သို့ရေး ဆွဲကြပြီး ပြည်ထောင်စုနှင့်ပြည်နယ်အာဏာခွဲဝေမှု များကို တစ်ဆင့်ပြီးတစ်ဆင့် မည်သို့သွားကြမည်၊ မည်သည့်အဆင့်များတွင် လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းရေးကို မည်သည့် ပုံစံဖြင့်လုပ်ဆောင်ကြမည် ဆိုသည့် ကိစ္စရပ် များကို ဟန်ချက်ညီစွာဖော်ဆောင်နိုင်ရန်အတွက် ဆက်လက်ပြီး အသေးစိတ်ဆွေးနွေး ညှိနှိုင်းကြရ ဦးမည်ဖြစ်ပါကြောင်း။

မည်သို့ပင်ဖြစ်စေကာမူ ယနေ့အစည်း အဝေးတွင် အလုပ်အဖွဲ့ကတင်ပြလာသည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ် အပိုင်း(၃)၏မူကြမ်းသည် လွယ်လင့်တကူ ရရှိလာခဲ့ခြင်းမဟုတ်ပါကြောင်း၊၂ဝ၁၈ ခုနှစ် သြဂုတ်လအတွင်း  ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတတိယအစည်းအဝေးပြီးသည့်နောက် မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သည် အနိမ့်-အမြင့်၊ အတက်အကျများစွာ ဖြင့်ကြုံတွေ့ခဲ့ရပါကြောင်း၊ တရားဝင် အစည်း အဝေးများခေါ်ယူကျင်းပနိုင်ခြင်းမရှိသည့် အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လမ်း ကြောင်းသည်လည်း ရပ်ဆိုင်းသွားခဲ့ရသည် ဟုဆိုနိုင်သည့် အနေအထားအထိ  မိမိတို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယင်းကာလ တွင် မိမိတို့  NRPC အနေဖြင့် အလွတ် သဘောတွေ့ဆုံမှုများ၊  တရားဝင်အစည်း အဝေးများကိုတစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက် ကြိမ်ဖန်များစွာပြုလုပ်ခဲ့ရပါကြောင်း၊ ရပ်ဆိုင်း သွားခဲ့ရသည့် NCA လမ်းကြောင်းကို ပြန် လည်ဆယ်တင်နိုင်ရန်၊ ဆိုင်းငံ့သွားခဲ့ရသည့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများကို   ပြန်လည် စတင်နိုင်ရန်အတွက် နည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစားပြီး     ပုံစံအမျိုး မျိုးဖြင့် ချဉ်းကပ် ခဲ့ရပါကြောင်း။

ဃြဗ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တွင် လက်တွေ့ဖြစ်ပေါ်နေသည့်ပြဿနာ ရပ်များ၊ မပြေလည်မှုများနှင့်အတူ အောက် ခြေတပ်ဖွဲ့ဝင်များအချင်းချင်းအကြားတွင် ဖြစ်ပွားနေသည့်ထိတွေ့မှုများ၏အကြောင်း ရင်းများကို အမှန်အတိုင်းပြန်လည်သုံးသပ်၊ အမြင်ချင်းဖလှယ်၍မည်သို့ဖြေရှင်းကြမည်၊ အားလုံးသဘောတူ လက်ခံနိုင်မည့် ဖြေရှင်း ချက်ကိုမည်သို့ရှာကြမည်ကိုအကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြရပါကြောင်း၊   ယခု ချက်ချင်းအဖြေမရှာ နိုင်သေးသည့် ကိစ္စများ ကိုရေရှည်ညှိနှိုင်းသွားနိုင်မည့်လုပ်ငန်းစဉ် တစ်ခု မည်သို့ချမှတ်မည်ကိုလည်း  နည်း အမျိုးမျိုး ဖြင့် စဉ်းစား သုံးသပ် အဖြေရှာခဲ့ရပါကြောင်း၊ နိုင်ငံရေးအပိုင်း၊  စစ်ရေးအပိုင်း ဟန်ချက်ညီမျှတသည့် လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာစေရန်၊ အတိတ်တွင်တွေ့ကြုံ ခဲ့ရသည့်အခက်အခဲများကိုကျော်လွှားနိုင်ပြီး ပိုမိုကောင်း မွန်သည့် လမ်းကြောင်းများကို မည်သို့ပုံဖော်ကြမည်၊ အနာဂတ်ကာလတွင် မည်သည့်လမ်းကြောင်း မျိုးကအားလုံး အတွက် လိုက်ပါရာတွင် အဆင်ပြေမည်ဆို သည်ကိုပါ နှစ်ဖက်အလုပ်အဖွဲ့များအနေဖြင့် မနား မနေ ဆွေးနွေးညှိနှိုင်း ခဲ့ကြရခြင်းဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးသို့တင်ပြလာသည့် စာချုပ်မူကြမ်းကိုကြည့် လိုက်သည်နှင့် နှစ်ဖက် အလုပ်အဖွဲ့များ မည်မျှ အထိ ဆွေးနွေး ညှိနှိုင်း၊ ငြင်းခုံ၊ ကြိုးပမ်းအားထုတ်ခဲ့ရသည်ကို  မိမိတို့နားလည်သဘောပေါက်ပါကြောင်း၊  ထိုသို့အရှိန်အဟုန်ဖြင့်ဆွေးနွေးမှုများဆက် တိုက်ဆောင်ရွက်နေချိန်တွင် ကမ္ဘာနှင့်အဝှမ်း COVID-19 ကပ်ရောဂါပျံ့ နှံ့မှု များ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် တွေ့ဆုံဆွေးနွေးမှုများ အရှိန်အဟုန်လျော့ကျသွားခဲ့ရသည့်ကြားမှ ဆွေးနွေးမှုများရပ်ဆိုင်းမသွားစေရန် Video Conferencing ဖြင့် ဆောင်ရွက်ခဲ့ကြပါကြောင်း၊  ယင်းသို့ စိန်ခေါ်မှု အမျိုးမျိုးကြား မှ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် နှစ်ဖက်ကိုယ်စားလှယ်များ၊ ပါဝင် ပတ်သက်သူများ၊  ဝိုင်းဝန်းပံ့ပိုးခဲ့ကြသူများအားလုံးကို မိမိအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိသည်ကို   အလေးအနက် ပြောကြားလိုပါကြောင်း။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည်မှာ ရေရှည်သဘောဆောင် သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် မရရှိနိုင်သေးသည့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်း နေရပါကြောင်း၊ ထိုသို့ရေရှည်သဘောဆောင် သည့်လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံ  ဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက် စဉ်းစားပြီးသည့်နောက် ယင်းလုပ်ငန်းစဉ်များအားလုံး ခြုံငုံအကျုံးဝင်ပြီး ရှေ့ဆက်သွားမည့်အဆင့် လိုက်လုပ်ငန်းစဉ်ကို မိမိတို့ဖော်ထုတ်ရရှိ လာခဲ့ပါကြောင်း၊ အဆိုပါလမ်းကြောင်းသည် မိမိတို့နိုင်ငံ၏အတိတ်က ခါးသီးသည့် အတွေ့ အကြုံများကိုဖြေဖျောက်ပေးနိုင်ရန်၊ ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်ထောင်စု၏ အခက်အခဲများကို ပြေလည်စေရန်နှင့် မိမိတို့တိုင်းရင်းသားအားလုံး၏ အနာဂတ် ပြည်ထောင်စု အိပ်မက်ကို  အကောင်း ဆုံး ပုံဖော်နိုင်ရန်အတွက် မိမိတို့အားလုံး ဆက်လက်ပြီးကြိုးပမ်းကြရဦးမည်ဖြစ်ပါကြောင်း။

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ် ရောဂါကို ကမ္ဘာ့နိုင်ငံအားလုံးရင်ဆိုင်တုံ့ပြန် ကြရာတွင် နိုင်ငံတိုင်းက အကောင်း ဆုံးဖြစ် အောင်ကြိုးပမ်းခဲ့ကြသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ စိန်ခေါ်မှုက တစ်ခုတည်းပင်ဖြစ်ပါ ကြောင်း၊ သို့သော် တုံ့ပြန်မှု၊ စီမံဆောင်ရွက်မှု မတူညီသည့်အနေအထားတွင် အကျိုးသက် ရောက်မှုများလည်း   မတူညီကြပါ ကြောင်း၊ မိမိတို့နိုင်ငံ ကဲ့သို့ နွမ်းပါးသည့်နိုင်ငံ၊  ပဋိပက္ခများနှင့်နိုင်ငံ၊ ကျန်းမာရေးစောင့် ရှောက်မှု အဆင့် အတန်းမြင့်မားခြင်းမရှိသည့်  နိုင်ငံတစ်နိုင်ငံအနေဖြင့်  ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊  အသိစိတ် ဓာတ်ရှိရှိလိုက် နာဆောင်ရွက်မှုများကြောင့် COVID-19 ကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်တုံ့ပြန် နိုင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင် ရွက်နိုင်ခဲ့သည့်အတွက်  အများက အသိအမှတ်ပြုသည့် ချီးကျူးစကားပြောဆိုမှုများ လည်းရှိ နေပါကြောင်း၊ ယင်းကို မိမိတို့ဂုဏ် ယူပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူများအတွက်    ဂုဏ်ယူသည် ဟု ပြောလိုပါ ကြောင်း၊ သို့သော်ကပ်ရောဂါ မပြီးသေးသည့်အတွက် မိမိတို့ပြည်သူများကို ထပ်တလဲလဲ သတိပေး နှိုးဆော် နေရ ဆဲပင်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကို   အချင်းချင်းသွေးကွဲပြီး မညီညွတ်သည့်၊ ပဋိပက္ခများဖြင့်ပြည့်နေသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်ရှုမြင် ခဲ့ကြသော်လည်း တစ်နိုင်ငံလုံးနှင့်ဆိုင်သည့်စိန်ခေါ်မှုများကို   လက်တွေ့ရင်ဆိုင်လာရချိန်တွင် မိမိတို့ပြည်သူများ စည်းလုံး ညီညွတ်ပြီး စည်းကမ်းရှိသည်ကို COVID-19 ဖြစ်စဉ်တွင် အထင်အရှား တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံ ငယ်သော်လည်း အခြေအနေမဆိုးရွားစေရန်နှင့် အကောင်းဆုံး အနေအထား ရောက်စေရန် မိမိတို့ လုပ်ဆောင်နိုင် သည် ဆိုသည်ကို လက်တွေ့ပြသနေပြီ ဖြစ်ပါကြောင်း။

အလားတူငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အစည်းအဝေးများ ခေါ်ယူတွေ့ဆုံညှိနှိုင်း၍ မရသည့်အခြေအနေ၊ NCA လမ်းကြောင်း ရပ်ဆိုင်းသွားရသည့် အခြေအနေမှ ယနေ့တွင် (၂၁)ရာစုပင်လုံ ညီလာခံကိုကျင်းပ နိုင်သည့် အနေ အထားကို ရောက်လာပြီဖြစ်ပါကြောင်း၊ 

ထို့ပြင်  နိုင်ငံရေးသဘောတူညီချက်များ ရယူနိုင်သည့်အနေအထားကို  ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊     ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေး အတွက် ရှေ့ဆက်၍ တစ်လှမ်းပြီး တစ်လှမ်း၊ တစ်ဆင့်ပြီးတစ်ဆင့်  ဖော်ဆောင်နိုင်မည့် အဆင့်လိုက်အစီအစဉ်တစ်ခုရယူနိုင်သည့်  အနေ အထားကို    ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း။

ထိုသို့အောင်မြင်မှုများရရှိ လာခြင်းသည် ယနေ့အစည်းအဝေးကို တက်ရောက်လာခဲ့ကြသည့် နှစ်ဖက်သော ခေါင်းဆောင်များ၊ နှစ်ဖက်အလုပ် အဖွဲ့များနှင့် အဘက်ဘက်က ပံ့ပိုးကူညီ သူများ၏ ငြိမ်းချမ်းရေးအပေါ် နှစ်နှစ် ကာကာ အလေးအနက် ထားမှုများကြောင့် ယနေ့ကဲ့သို့ အနေအထားအထိ ရောက်ရှိလာခဲ့သည်ကို အလေးအနက် ထားပြောကြားလိုပါကြောင်း၊  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးခရီးတွင် မိမိတို့ ရှေ့သို့များစွာ ဆက်လက်လျှောက်လှမ်းကြရဦးမည်ဖြစ်ပါကြောင်း၊ ယနေ့ရရှိထားသည့်အပြန်အလှန် နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုများ ကြောင့်ရှေ့ဆက်မည့်ခရီးတွင် ပိုမိုထိရောက် ကောင်းမွန်ပြီး ခိုင်မာမှန် ကန်သည့်ခြေလှမ်းသစ်များ ဆက်လက်လျှောက်လှမ်းနိုင်မည်ဟု မိမိအနေဖြင့် အခိုင်အမာ ယုံကြည်ထားပါ ကြောင်း၊ မိမိတို့ နိုင်ငံ၊ မိမိတို့ပြည်ထောင်စု ၏အနာဂတ်ခရီးအတွက် မိမိတို့အသက်ရှင် နေစဉ်နှင့် မိမိတို့ကြိုးစား ခွင့်ရနေစဉ်အတွင်း အတတ်နိုင်ဆုံး၊ အကောင်းဆုံးကြိုးပမ်းအား ထုတ်၍ မိမိတို့၏မျိုးဆက်သစ်များလက်ထဲ သို့ငြိမ်းချမ်းရေး အမွေအနှစ်တစ်ခု ခိုင်ခိုင်မာမာ လက်ဆင့်ကမ်း ဆောင်ကြဉ်းပေးနိုင်ရေး ဆက်လက်ကြိုးပမ်း သွားကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ အားလုံး မျှော်လင့်တောင့်တနေကြသည့် ထာဝရငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ တည်ဆောက်ကြရေး ဦးတည် ဆောင်ရွက် လျက်ရှိရာ အဓိက အခန်းကဏ္ဍတစ်ခုဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်  အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး သည် အရေးကြီးသည့်လုပ်ငန်း တစ်ရပ်ဖြစ်သကဲ့သို့ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန်  JICM  အလုပ်အဖွဲ့ဝင်များ၏ အားကြိုးမာန်တက် အကြိတ်အနယ် ဆွေးနွေး  မှုရလဒ်သည် များစွာအထောက်အကူပေး သည့်အတွက် JICM အလုပ်အဖွဲ့ဝင်များကို  ကျေးဇူးတင် ရှိပါ ကြောင်း။

ယနေ့ကျင်းပသည့် (၉)ကြိမ်မြောက် JICM အစည်းအဝေးသည် ၂ဝ၂ဝ ပြည့်နှစ်ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သည့် (၈)ကြိမ် မြောက် JICM အစည်းအဝေး၌ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက် (၈)ချက်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ခြင်း၏ ရလဒ်ဖြစ်ပါကြောင်း၊ ကြားကာလများတွင် ကြန့်ကြာသွားသည်မှာ မမျှော် လင့်ဘဲ ကမ္ဘာ လုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆွေးနွေးပွဲများရပ်ဆိုင်း ထားခဲ့ရ သော်လည်း ရနိုင်သည့်နည်းလမ်း များဖြင့် Video Conferencing  အပါအဝင် အလုပ်အဖွဲ့ဝင်များ၏ ညှိနှိုင်း ဆွေးနွေးမှု များအရ (၉)ကြိမ်မြောက် JICM အစည်းအဝေးကို ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း။

ယခု အစည်းအဝေးသည် အလုပ်အဖွဲ့များ၏ ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ အပေါ် အတည်ပြုကြရ မည်ဖြစ် ပါကြောင်း၊ အလုပ်အဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါသော်လည်း ဆွေးနွေးချက် များ အပေါ် သုံးသပ်ရလျှင် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ယခုထက်ပို၍ ရသင့်ပါကြောင်း၊ ယခု(၉)ကြိမ် မြောက် JICM  အစည်းအဝေးအတွက်  အလုပ်အဖွဲ့များ ညှိနှိုင်းဆွေးနွေးမှု(၄)ကြိမ်ဆောင်ရွက်ရာတွင် အချို့ အချက်များသည် NCA တွင် အတိ အကျဖော်ပြပါရှိပြီးဖြစ်သော်လည်း စာသားအဓိပ္ပာယ်အယူအဆအနက် ကောက်မှုလွဲ ချော်သွားခြင်းဖြင့် ဆွေးနွေးရမည့်အချက် အသစ်အား မဆွေးနွေးနိုင်ဘဲ အယူအဆ  လွဲမှားနေသည့် သက်ဆိုင်ရာ NCA ပါအချက်ကို ထပ်မံရှင်းလင်းဆွေးနွေးရခြင်း၊ ဃြဗ ကိုအခြေခံသည့် ညှိနှိုင်းအစည်းအဝေးများ  ၌ Bilateral/Parallel ကဲ့သို့ မူလသဘော တူညီချက်ကိုပင် ထပ်မံ၍ ပြင်ဆင်လိုမှုကြောင့် အပြန်အလှန် ထပ်မံ ဆွေးနွေးရခြင်း၊ Federal Security System ကဲ့သို့ NCA တွင်မပါရှိဘဲ လုံခြုံရေးနှင့် မပတ်သက်သည့် စာသားများထည့်သွင်းဆွေးနွေးခြင်း စသည့် အချို့အချက်များအရ   ရှေ့ဆက်လက် ဆွေးနွေးရမည့်အချက်များကို အရှိန်အဟုန် ဖြင့် ဆွေးနွေးရမည့်အစား နောက်ကြောင်း ပြန်ရှင်းလင်းခြင်း၊ ထပ်မံဆွေးနွေးရခြင်းဖြင့် မလိုလား အပ်သော အဖိုးတန်အချိန်များ ကုန်ဆုံးသကဲ့သို့ တိုင်းရင်းသားပြည်သူတစ်ရပ် လုံး၏ မျှော်လင့်စောင့်စားနေသည့် ပန်းတိုင် ရောက်ရန် ကြန့်ကြာနေသည့်အတွက် အရပ်အဖွဲ့များရှေ့ဆက်လက်ပြီးဆွေးနွေးရန်  ကျန်ရှိသည့် အချက် များ ကို အရှိန်အဟုန်ဖြင့် ဆွေးနွေးရာတွင် သတိပြုရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့အပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လိုလားတောင့်တ နေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံး တမ်း၊ ယဉ်ကျေးမှု၊ စရိုက်၊ လက္ခဏာများ အပေါ်မူတည်ပြီး မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပုံစံကိုသာ ချမှတ် ရမည်ဖြစ်ပြီး မိမိနိုင်ငံနှင့် လူမျိုးတို့၏စရိုက်၊ လက္ခဏာနှင့် မကိုက်ညီသော အများသူငှာ တိုက်တွန်းသည့်ပုံတူကူးချနည်း၊ အဓမ္မသွတ် သွင်းသည့်ပုံစံများအပေါ် သတိမမူဂူ မမြင်ဘဲ ဆွေးနွေးချက်များနှင့်ရလဒ်များကို အချိန် ကုန်လူပန်း ခရီးမတွင်မဖြစ်ရစေရန် ယခု တက်ရောက် လာကြသည့် တာဝန်ရှိသူများ အားလုံးနှင့် မိမိတို့အလုပ်အဖွဲ့ဝင်များ၊ လက် အောက်ရဲဘော်ရဲဘက်များကို သတိပေးနေရန် လိုအပ်ပါကြောင်း၊ ဥပမာအားဖြင့် အင်္ကျီတောင်မှ ကိုယ်တိုင်းနှင့် မချုပ်ဘဲ အသင့် ချုပ်ပြီးသား ဝယ်ဝတ်လျှင် တစ်ယောက်နှင့် တစ်ယောက် ဆိုဒ်ချင်းမတူသလို၊ ဆိုဒ်တူ လျှင်တောင်မှ ပခုံးအကျဉ်းအကျယ်၊ လက် အတိုအရှည်  ကွာခြားသလိုမျိုးဖြစ်သည့် အတွက်   မိမိရေ၊ မြေ၊ သဘာဝ၊ ဓလေ့ထုံးတမ်း၊ စရိုက်၊ လက္ခဏာများနှင့် ယဉ်ကျေးမှု အပေါ်တွင်အခြေခံ၍  ''ဒို့တာဝန်အရေး သုံးပါး'' ဦးတည်ချက် မပျောက်ပျက်စေဘဲ ဆက်လက် ဆွေးနွေးကြပြီး  ရလဒ်ကောင်းများ ယခုထက်ပိုမိုရရှိပါစေဟု ဆန္ဒပြုအပ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် လွတ်လပ်ရေး နှင့်အတူပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခ ကြောင့် အဖွဲ့အစည်းအချင်းချင်း ယုံကြည်မှု တည်ဆောက်သည့်နေရာတွင် မယုံကြည်မှု များ အတတ်နိုင်ဆုံးဖြေလျှော့ကြရမည်ဖြစ် ရာ အဖွဲ့ အစည်းအချင်းချင်း တစ်ဖက်နှင့် တစ်ဖက် သံသယဖြစ်စရာ၊ မသင်္ကာဖွယ်ဖြစ် စရာများကို လုံးဝဆောင်ရွက်ခြင်း မပြုလျှင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ပုံသေနည်းအရ သံသယနည်းလျှင် ယုံကြည်မှုတိုးမည်ဖြစ်၍ အလုပ် အဖွဲ့များ ရှေ့ဆက်လက်ဆွေးနွေးရာ တွင်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ သံသယဖြစ် စေမည့် ကိစ္စရပ်များကို   အတတ်နိုင်ဆုံး ရှောင်ရှားပေးကြရန် ပြောကြားလိုပါကြောင်း။

မိမိတို့သွားနေသည့် ဦးတည်ချက်သည် ပါတီစုံဒီမိုကရေစီစနစ် ထာဝရငြိမ်းချမ်းရေး မှသည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရမည်ဖြစ်သည့်အတွက် ဒီမိုကရေစီခေတ် တွင် လူတိုင်းသည် မိမိဆန္ဒကို ငြိမ်းချမ်းစွာ ဥပဒေနှင့်အညီ ဖော်ထုတ်နိုင်ခွင့်ရှိသကဲ့သို့ မည်သည့်အဖွဲ့အစည်းမဆို မိမိတို့၏ သဘော ဆန္ဒကိုလည်း ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြခွင့် ရှိကြပါကြောင်း၊ ၂ဝဝ၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ အတိအလင်းဖော်ပြထားပြီး ဖြစ်သည့်အတွက် ရှေ့ဆက် လက်ဆောင်ရွက် ရမည့် ၂ဝ၂ဝ အလွန်  အဆင့်လိုက်လုပ်ငန်း စဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော်မှုများ အပါအဝင် ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်များကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံ မူများ ဆက်လက်ဆွေးနွေးရာတွင် မိမိအဖွဲ့ အစည်းအလိုက် လိုလားသည့်၊   ဖြစ်သင့် သည့်ဆန္ဒ များ ကို ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ဆက်လက်အောင်မြင်စွာဆွေးနွေးနိုင်ပါစေဟု ဆန္ဒပြုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသည့် (၉)ကြိမ်မြောက်  JICM ညှိနှိုင်းအစည်းအဝေး သည် ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ရလဒ် ကောင်းများဖြင့် ပြည်ထောင်စု သဘောတူ စာချုပ်အဖြစ် ထည့်သွင်းဖော်ပြရန်အချက် များကိုအတည်ပြုပေးသည့် အစည်းအဝေးဖြစ်၍ မင်္ဂလာရှိပါကြောင်း၊ ၂ဝ၂ဝ အလွန် ဆက်လက်ဆွေးနွေးဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု ဆိုင်ရာများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုင်ရာလမ်းညွှန်အခြေခံမူ များ ဆွေးနွေးရာတွင်လည်း  တစ်ဖက်နှင့် တစ်ဖက်  အတိုးအလျှော့၊ အဆုတ်အတက်တို့ကို စိတ်ရှည်သည်း ခံစွာဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဓလေ့၊ စရိုက်၊ လက္ခဏာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနှင့်   ကိုက်ညီသည့် အချက် အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ   ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ဆွေးနွေးကြရန် တိုက်တွန်း အပ်ပါ ပါကြောင်း၊ ပြည်တွင်းအင်အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ နွားကွဲလျှင် ကျားဆွဲတတ် ပါကြောင်း၊ စည်းလုံးညီညာအောင်ကြောင်း ဖြာဖြစ်ပါကြောင်း၊ အရေးကြုံပါက ကိုယ့်တိုင်း ရင်းသားညီအစ်ကို မောင်နှမ အချင်းချင်းသာ အေးအတူပူအမျှ ပြဿနာအရပ်ရပ်ကို စည်းလုံးညီညွတ်စွာဖြေရှင်းရမှာဖြစ်ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးမှ သာရပါကြောင်း၊ ယနေ့သည်    IT ခေတ်၊ Globalization ခေတ်ဖြစ်၍ တစ်နိုင်ငံ တည်း တံခါးပိတ်ရပ်တည် ၍မရတော့ပါကြောင်း၊   နိုင်ငံတကာနှင့်  ဆက်ဆံရာတွင်လည်း   ကိုယ်ကျိုးစီးပွား မူဝါဒ National Interest အပေါ်မူတည်ပြီး မည်သူမျှ   မိမိကိုယ်ကို၊ မိမိလူမျိုး၊ မိမိ တိုင်းပြည်ထက်  ပိုပြီး၊ ကျော်ပြီးအခြားသူများ၊ အခြားလူမျိုး၊ အခြားနိုင်ငံအပေါ်မကောင်းနိုင်တာကို သတိပြုရမည်ဖြစ်ကြောင်း၊ မည်သူ မှလည်းပဲ မိမိထက်ပိုပြီး စေတနာ၊ မေတ္တာမျှဝေမပေးနိုင်ပါကြောင်းကို သတိမူကြပြီး မိမိတို့နိုင်ငံ အမြန်ဆုံး ထာဝရ ငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ပါစေကြောင်း၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ကိုယ်ရောစိတ်ပါ နှစ်လျက်  အားသွန်ခွန်စိုက် စိတ်တူကိုယ်တူ သံသယကင်းရှင်းစွာဖြင့် ဆက်လက် ဆောင်ရွက် သွားရန်  စိတ်အားထက်သန်လျက်ရှိပါကြောင်းပြောကြားသည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကိုယ်စား ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ် က JICM အစည်းအဝေးကို ပုံမှန်အတိုင်း ဆိုလျှင် သုံးလတစ်ကြိမ် ကျင်းပရမည်ဖြစ် သော်လည်း  အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလတွင်  (၈)ကြိမ်မြောက် JICM အစည်းအဝေးကိုကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန်မှုများနှင့်ဆုံးဖြတ်ချက်များကို  ချမှတ် ပေးနိုင်ခဲ့ပါကြောင်း၊ ယင်းလမ်းညွှန်မှုများနှင့် ဆုံးဖြတ်ချက်များ အကောင် အထည် ဖော်ဆောင်ရွက်ရန်  နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များကိုတာဝန်ပေးအပ်ခဲ့ ပါကြောင်း။

(၈) ကြိမ်မြောက်  JICM အစည်းအဝေး မှချမှတ်ပေးသည့် လမ်းညွှန်မှုများနှင့်ဆုံးဖြတ် ချက်များဖြစ်သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာမူဘောင်သဘောတူညီချက်၊ ၂ဝ၂ဝအလွန် အဆင့်လိုက်ရှေ့ လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံစတုတ္ထ အစည်းအဝေး ကျင်းပရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် EAO များပိုမိုပါဝင်လာရေး စသည့်အကြောင်းအရာများကို နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ရှစ်လနီးပါး အချိန်ယူ၍  တရားဝင်ညှိနှိုင်း အစည်းအဝေးကို (၈)ကြိမ်ကျင်းပကာ အပြန်အလှန် ညှိနှိုင်းဆွေးနွေး ခဲ့သည့် အတွက် ထိုက်သင့်သည့် ရလဒ်ကောင်းများကို ရရှိခဲ့သည်ဟု သိရပါကြောင်း။

ထိုသို့အချိန်ယူပြီး ညှိနှိုင်း အစည်းအဝေး များစဉ်ဆက်မပြတ်ကျင်းပပြီး နှစ်ဖက်အတွက်  မျှမျှတတဖြစ်စေသည့် ကျေနပ် လက်ခံနိုင်သည့် ရလဒ်ကောင်းများကိုရရှိအောင် ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြသည့် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များကို ကျေးဇူးတင် ရှိပါကြောင်း၊ ကြိုးပမ်း အားထုတ်မှုကိုအသိ အမှတ်ပြုပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံစတုတ္ထ အစည်းအဝေးကို လာမည့် သြဂုတ် ၁၉၊ ၂ဝ၊ ၂၁ ရက်တို့တွင် ကျင်းပနိုင်အောင်စီစဉ်နိုင်ခဲ့ခြင်းသည် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ၏မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဝီရိယနှင့် တစိုက်မတ်မတ် ကြိုးပမ်းမှုများ၏ ရလဒ်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့အပြုသဘောကောင်းမွန်သည့်ရလဒ် များရရှိအောင် နောက်ကွယ်မှလမ်းညွှန် ကြီးကြပ်တည့်မတ်ပေးခဲ့သည့် နှစ်ဖက်အကြီးအကဲများ၊ ခေါင်းဆောင်များ ၏ အခန်းကဏ္ဍသည်လည်း အဓိက ကျပါကြောင်း။

ယနေ့အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့မှတင်ပြလာသည့် ညှိနှိုင်းရေးအဖွဲ့ များ၏ အစည်းအဝေး ရလဒ်များကို JICM မှ အတည်ပြုပေးရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးကျင်းပမည့် အချိန်ဇယားကိုလည်းအတည်ပြုပေးရမည် ဖြစ်ပါကြောင်း၊ ကိုဗစ် -၁၉ ကပ်ရောဂါကာလ အခြေအနေအောက်တွင်   ယနေ့ကျင်းပ သည့် JICM အစည်းအဝေးသို့တက်ရောက် နိုင်ရန် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက် များနှင့်အညီလိုအပ်သည့်ခရီးသွားလာရေး အဆင်ပြေချောမွေ့အောင် မိမိတို့ NCA-S EAO ခေါင်းဆောင်ကိုယ်စားလှယ်များ အတွက် နိုင်ငံတော်အစိုးရကစီစဉ်ဆောင်ရွက် ပေးမှုအပေါ် အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက်တက်ရောက် လာကြသူများက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေး ဆိုင်ရာဆွေးနွေးမည့် အကြောင်း အရာများနှင့်  ဆွေးနွေးမှုပုံစံသဘော တူညီချက်များ အတည်ပြုခြင်း၊ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၃)တွင် ထည့်သွင်း ချုပ်ဆိုမည့်သဘောတူညီချက်များဖြစ်သည့် NCA အကောင်အထည်ဖော် မှု ဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊ ၂ဝ၂ဝ အလွန် အဆင့်လိုက်ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ (ဇယား-၁)၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကိုအခြေခံသည့်  ပြည်ထောင်စုတည်

ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များကို  အတည်ပြုခြင်း၊ အစိုးရနှင့် NCA လက်မှတ်ရေး ထိုးထား သည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား နှစ်ဖက်ညှိနှိုင်းဆွေးနွေး ဆဲကိစ္စရပ် များအား   ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်အတည်ပြုခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပမည့် အချိန်ဇယား အတည်ပြုခြင်းနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်း ဆောင်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် (၉)ကြိမ်မြောက် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်အကောင် အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့မှတင်ပြလာသည့် ညှိနှိုင်း ရေးအဖွဲ့ များ၏ အစည်းအဝေးရလဒ်များကို တညီတညွတ်တည်း အတည်ပြု ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်ထောင်စု ငြိမ်း ချမ်း ရေးညီလာခံ - (၂၁)ရာစုပင်လုံ  စတုတ္ထ အစည်းအဝေးကျင်းပမည့်အချိန်ဇယားကို လည်း  အတည်ပြု ပေးနိုင်ခဲ့သည့်အတွက် အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ အားလုံးကိုကျေးဇူးအထူး တင်ရှိပါ ကြောင်း။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေး ဆိုင်ရာဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆွေးနွေးမှုပုံစံသဘောတူညီ ချက်များ၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၃)တွင်ထည့်သွင်းချုပ်ဆိုမည့်သဘောတူညီ ချက်များ၊  အစိုးရနှင့်  NCA-S EAOများအကြား   နှစ်ဖက်ညှိနှိုင်းဆွေးနွေးဆဲ အကြောင်းအရာများအားဆက်လက်ညှိနှိုင်း ဆွေးနွေးခြင်းကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင်  EAO များ  ပိုမိုပါဝင်လာရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားခြင်းကိစ္စ တို့ကို ယနေ့အစည်းအဝေးတွင်အတည်ပြု ပေးနိုင်ခဲ့ပါကြောင်း။

ယနေ့   JICM အစည်းအဝေးကအတည် ပြုပေးနိုင်သည့်   အဆင့်ရောက်ရှိအောင်  နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များမှ အခက်အခဲ အမျိုးမျိုး၊ အကျပ်အတည်းအမျိုးမျိုး၊ အတား အဆီးအမျိုးမျိုးကြားမှစိတ်ရှည်လက်ရှည် ကြိုးပမ်း ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ရသည် ကို မိမိတို့အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးရာတွင် တစ်ဖက်ဖက်အတွက် ရာခိုင်နှုန်းပြည့်ရရှိရန် မဖြစ်နိုင်ပါကြောင်း၊ သူလျှော့ကိုယ်လျှော့မှသာ ညှိနှိုင်းဆွေးနွေး မှုအောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိလိုချင် သည်ကိုအပြည့်အဝရမှသာ ဆောင်ရွက် မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့တိုး၍ရမည်မဟုတ်ပါကြောင်း။

နှစ်ဦးနှစ်ဖက်မှ    ထိုက်သင့်မျှတသည့် အလျှော့အတင်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-  (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေး၏ ရလဒ်ဖြစ်လာမည့် ပြည်ထောင်စုသဘောတူ စာချုပ်အစိတ် အပိုင်း (၃)ပါအကြောင်းအရာ များကိုသဘောတူညီနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ထို့ကြောင့် မားမားမတ်မတ် ရပ်တည်ပံ့ပိုးပေး သည့်နှစ်ဖက်အကြီးအကဲများ၊ ခေါင်းဆောင် များနှင့်   နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များကို ချီးကျူးဂုဏ်ပြုပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ  စတုတ္ထအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် သာယာဖြောင့်ဖြူးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ဝိုင်းဝန်းလက်တွဲဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့်  (၉)ကြိမ်မြောက်  JICM အစည်းအဝေး တွင်  အလုပ်အဖွဲ့များ၏ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှုကြောင့် သဘောတူညီချက် (၇)ချက်   ရရှိပြီးဖြစ်ပါ ကြောင်း၊ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်း  ရေးညီလာခံ-(၂၁)ရာစုပင်လုံ  စတုတ္ထ အစည်းအဝေးကျင်းပမည့်ရက်ကို အဖွဲ့အား လုံးက ညှိနှိုင်းသဘောတူဆုံးဖြတ်နိုင်သည့် အတွက် မြန်မာနိုင်ငံအတွင်း၌    မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသား လုပ်သား ပြည်သူများအားလုံးမျှော်လင့် စောင့်ဆိုင်းနေသော အဖြေရလဒ်တစ်ခုရရှိသည်ဟု ပြောရမည်ဖြစ် ပါကြောင်း။

ဆက်လက်ဆွေးနွေးရမည့်အကြောင်း အရာများကိုလည်း တွေ့ရှိရပါကြောင်း၊ ၂ဝ၂ဝအလွန် အဆင့်လိုက် လုပ်ငန်း စဉ်များနှင့်   အဆင့်လိုက်အကောင်အထည် ဖော်မှု(ဇယား-၂) ကို ဆက်လက်ဆွေးနွေး ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့်ပတ်သက်၍ အခြေခံမူများ၊ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများကို   ဆက်လက် ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ဆက်လက် ဆွေးနွေးသည့်အခါတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဆွေးနွေးရမည့်အချက်များတွင် ဖြစ်သင့် သည့် လိုအင်ဆန္ဒ၊ ဖြစ်နိုင်သည့်အကြောင်း အချက် များကို ဦးတည်ဆွေးနွေးကြစေလို ပါကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုပုံစံအတိုင်း ငြိမ်းချမ်းစွာဖြင့် တစ်ဖက်နှင့် တစ်ဖက်အတိုး နှင့်အလျှော့၊ အဆုတ်နှင့်အတက်ဆွေးနွေး သွားကြရန်တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မိမိတို့၏   မူလဦးတည်ချက်ဖြစ်သည့် ''ဒို့တာဝန်အရေးသုံးပါး''  ဦးတည်ချက်ကိုလည်း   မပျောက်ပျက်စေရေး အတွက် မျက်ခြည် မပြတ်ရန်  သတိပေးလိုပါကြောင်း၊ မိမိနိုင်ငံ၊   မိမိလူမျိုးနှင့်ပတ်သက်သည့် ဓလေ့စရိုက်၊ ယဉ်ကျေးမှု များနှင့်ကိုက်ညီ သည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ပုံစံကို ဦးတည်၍ ရလဒ်ကောင်းများယခုထက်မက ပိုမိုရရှိအောင်ဆက်လက်ဆွေးနွေးပေးကြ ရန်တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်   ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် တန်ဖိုးရှိသည့်အရာတစ်ခုကို ရရှိရန် များစွာ ပေးဆပ်ရပြီး   အပင်ပန်းခံ၊ စိတ်ရှည်သည်းခံရပါကြောင်း၊   မိမိတို့၏ ယုံကြည်ချက်သည်    နိုင်ငံကောင်းကျိုး အတွက် ဆောင်ရွက်မည်ဆိုပါက အခြေခံ အားဖြင့် စေတနာ၊ ပညာနှင့်သတ္တိလိုအပ် ပါကြောင်း၊  နိုင်ငံတိုးတက် စေချင်သည့် စေတနာရှိရမည်ဖြစ်ပါကြောင်း၊  မိမိတို့ ပြည်ထောင်စုကြီးကို စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုကြီး အနေဖြင့် ငြိမ်းချမ်းဖွံ့ဖြိုးစွာရပ်တည်နိုင်စေချင်သည့် စေတနာသည်အဓိကဖြစ်ပါ ကြောင်း၊ ယင်း စေတနာကိုအခြေခံပြီး အားလုံးဆွေးနွေး သွားမည်ဆိုပါက မည်သည့်ပြဿနာမဆို ကျော်လွှားနိုင် မည်ဖြစ်ပါကြောင်း။

သို့သော် စေတနာနှင့်ပင်မလုံလောက်ဘဲ ပညာလည်းလိုအပ်ပါကြောင်း၊ ပညာဟု ပြောရာတွင် အခြေအနေကို  သေချာစွာ ဆင်ခြင်ပြီး  လုပ်သင့်လုပ်ထိုက်သည်ကို ဆုံးဖြတ်နိုင်သည့် ပညာလည်း   လိုအပ်ပါကြောင်း၊ မိမိတို့သည် စေတနာအရလိုချင် သည့်ပန်းတိုင်ကို ရောက်ရန်အတွက် ပညာ ဆိုသည့်ဆင်ခြင်တုံတရားကိုကျင့်သုံးမည် ဆိုပါက စေတနာအရတိုးတက်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊  နောက်ဆုံးတွင် သတ္တိလိုအပ်ပါကြောင်း၊   စေတနာနှင့် မည်သို့ဆောင်ရွက်ရမည်ကိုသိသည့်ပညာ ရှိသော်လည်း မလုပ်ရဲသည်များရှိပါကြောင်း၊ အများက သဘောတူ၊ မတူဆိုသည့်စိုးရိမ်မှု များရှိပါကြောင်း၊ မိမိယုံကြည်ချက်အပေါ် တွင် ရပ်တည်သည့်အခါ မှားယွင်းမှုများ ဖြစ်ပေါ်ပါက ဆုတ်ယုတ်မှုများရှိနိုင်မည်လား ဆိုသည့်စိုးရိမ်မှုများလည်းရှိပါကြောင်း။

ထို့ကြောင့် အရေးကြီးသည့်ခြေလှမ်းများ လျှောက်လှမ်းရာတွင် စေတနာ၊ ပညာ နှင့်သတ္တိသည်အဓိကကျသည့် လိုအပ်ချက် များဖြစ်ပါကြောင်း၊  မိမိတို့ယခုအစည်း အဝေးအတွက်ပြင်ဆင်ပေးသည့် ညှိနှိုင်း ရေးအဖွဲ့များသည်  စေတနာ၊ ပညာ၊ သတ္တိ နှင့်လုပ်ကိုင်ခဲ့သဖြင့်  ယနေ့တွင် အားလုံး သဘောတူသည်ဟုပြောရုံဖြင့် ပြီးသွားခြင်း သည်  အပေါ်ယံကြည့်လိုက်ပါက လွယ်ကူ သည်ဟု ထင်မြင်လိမ့်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လွယ်ကူစွာဆောင်ရွက် နိုင် ရန် ပင်ပန်းစွာလုပ်ဆောင်ပေးခဲ့သူများရှိသည့် အတွက် ဖြစ်မြောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်မှန်သည့်ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုထူထောင်ရန်အတွက် ပင်ပန်းစွာဆောင်ရွက်ရမည်ဖြစ်ပြီး အင်အား

များစွာ စိုက်ထုတ်ရမည်ဖြစ်ပါကြောင်း၊  ထို့ပြင် ဉာဏ်ပညာအစွမ်းများနှင့် ညီညွတ် ရေးများစွာတို့ကို  စိုက်ထုတ် ရမည် ဖြစ်ပါ ကြောင်း၊  ယင်းတို့ကိုစိုက်ထုတ်လိုက်ပါက မိမိတို့လိုချင်သည့် ပန်းတိုင်၊ ထူထောင်ချင်သည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မည်ဖြစ် ပါကြောင်း။

ယင်းအသီးအပွင့်များကိုရရှိသည့်အခါ ဆောင်ရွက်ရ ကျိုးနပ်သည်ကို သိရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါအသီးအပွင့် များ သည် မိမိတို့အတွက်သာ မဟုတ်ဘဲ   နောင်လာ နောက်သားများအတွက်   ဆက်လက်၍ စားသုံးနိုင်မည့်  အသီး အပွင့် များဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ရေရှည်ရည်မှန်းချက် များဖြင့် လက်တွဲဆောင်ရွက်သွားနိုင်ရန် များစွာ အရေးကြီးပါကြောင်း၊   မိမိတို့ ဆောင်ရွက်နေသည့်ကိစ္စမှန်သမျှသည် ရေတို လုပ်ငန်းများမဟုတ်ပါကြောင်း၊  ရေရှည် တည်တံ့ခိုင်မြဲရန်အတွက်လုပ်ငန်းများဖြစ် သည်ကို   သဘောပေါက်နှလုံးသွင်းပါက လိုအပ်သည့်အင်အား များကို ထုတ်လာနိုင် မည်ဟုယုံကြည်ပါကြောင်း။

ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ပေး သည့် ကိစ္စမှန်သမျှသည် တန်ဖိုးဖြတ်၍မရပါကြောင်း၊ ယခုကဲ့သို့ ကြိုးစား ဆောင်ရွက်ရ သည်ကိုလျစ်လျူမရှုထားဘဲ အသိအမှတ် ပြုပါကြောင်း၊ ယင်းသို့ဆောင်ရွက်နေခြင်း နှင့်ပတ်သက်၍ ကျေးဇူးတင်ကြောင်းပြော ကြားလိုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ အမှတ်တရပေး အပ်ခြင်းဖြစ်ပါကြောင်း၊

မိမိတို့အနေဖြင့် ဆောင်ရွက်ပေးသူများ၏စေတနာ၊ ပညာ၊ သတ္တိကိုအသိအမှတ်ပြုကြောင်း ပြသသည့်အနေဖြင့် ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ သြဂုတ် ၁၉ ရက်တွင် စတင်ကျင်းပမည့် ပင်လုံညီလာခံကြီး အောင်မြင်ရန် အတွက်လည်း ဝိုင်းဝန်းကူညီ ပေးမည်ဟုယုံကြည်ပါကြောင်း ပြောကြား သည်။