တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ပါတီ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များက လာရောက်မိတ်ဆက် တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၄

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးကောက် တင်မြှောက်ခြင်းသည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ် ကောင်း များကို ရွေးချယ်တင်မြှောက် ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံနှင့် ဒေသကို လက်တွေ့ အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း များကို လိုက်နာ ဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူနှင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြား သားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန် ရွေးချယ်ကြစေ လိုကြောင်း၊ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများသည် နိုင်ငံရေးကိုဆောင်ရွက်ကြသဖြင့် သဘော သဘာဝကွဲပြားမှုရှိသည်ဖြစ်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေး အတွက် တူညီသည့် သဘောထားအမြင်များဖြင့် ဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်းနှင့် နိုင်ငံရေး နှင့်ပတ်သက်ပါက တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဖြင့် တတ်နိုင်သရွေ့စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ကြ စေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံ မိတ်ဆက်ကြရာတွင် ထည့်သွင်း ပြောကြားသည်။
    
ထိုသို့ လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တွဲဖက် အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊  အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္က ဦးဝင်းမြင့်၊  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဒေါ်နန်းရွှေကြာ၊ " ၀ "အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည် ထောင်စု ပတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယ ဥက္ကဋ္ဌ  ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း (ခ)ဦးမျိုးမင်းထွန်း၊  မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ် သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်တို့ဖြစ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌  ယခုကဲ့သို့ လာရောက်တွေ့ဆုံ မိတ်ဆက် ကြသည့် အတွက်ဝမ်းမြောက်စွာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ပိုင်းတွင် နိုင်ငံရေးပါတီအချို့မှ လာရောက် တွေ့ဆုံမိတ်ဆက်လိုပြီး တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေးလိုပါကြောင်းဖြင့် စာများပေးပို့လာခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါဖြစ်ပွားမှုများကြောင့် တွေ့ဆုံရန် အလှမ်း ဝေးခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်ကာလ၌ ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ရန် ပြင်ဆင် နေကြပြီဖြစ်ပြီး Covid-19  ရောဂါဖြစ်ပွားမှုသည်လည်း မိမိတို့နိုင်ငံ၌ စိုးရိမ်ရသည့် အခြေအနေမှ လျော့ပါးလာပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ခဲ့ပြီး နိုင်ငံ၏ တိုးတက်မှု၊ ဖြစ်ပေါ်ပြောင်းလဲ လာမှုများ၊ အားသာချက်၊ အားနည်းချက်များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီသည်လည်း အစိုးရတစ်ရပ်ကိုဖွဲ့စည်း၍ တိုင်းပြည်တာဝန်ကို ယူရမည်ဖြစ် ကြောင်း၊ ပါတီများအနေဖြင့် အစိုးရသက်တမ်း ၂ခုကို တွေ့ကြုံဖြတ်သန်းပြီး ဖြစ်ကြောင်း၊ ၎င်းအတွေ့ အကြုံများကို သုံးသပ်ပြီး ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ကြမလဲ၊ ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားကြစေလိုကြောင်း၊ နိုင်ငံရေး ပါတီများစွာ ရှိသည့်အတွက် အမြင်ချင်းကွဲပြားခြားနားမှုများ ရှိနိုင်ပါကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့် တိုင်းပြည်အတွက် ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်အဖွဲ့အစည်းတိုင်းကို ကြိုဆိုပြီး တိုင်းပြည် ကောင်းရာ ကောင်းကျိုးများကို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက် လာကြသည့် ပါတီ အသီးသီး၏ ပါတီမူဝါဒများနှင့် နိုင်ငံရေးအမြင်များကို ဆွေးနွေးပြောကြားကြ စေလို ကြောင်းဖြင့် ဦးစွာပြောကြားသည်။                                                                   
 ထို့နောက် လာရောက်မိတ်ဆက် တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး နိုင်ငံရေးပါတီများ ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်းနှင့် တက်ရောက်လာ ကြသည့် ပါတီ အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန် ရှိသူတို့က ပါတီမူဝါဒဆိုင်ရာများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ်အမြင်များ၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးနှင့် တပ်မတော်မှ ဆောင်ရွက်ပေးစေလိုသော အခြေအနေများ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် အဓိက တာဝန်ရှိစွာဖြင့် ပါဝင်ကူညီ ဆောင်ရွက်နေမှုများကို နားလည်သဘောပေါက်သည့် အခြေ အနေများကို ဆွေးနွေး ပြောကြားကြသည်

ဆွေးနွေးမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ ပါတီ အသီးသီး၏ အမြင်များကို ပွင့်ပွင့် လင်းလင်းဖြင့် ဆွေးနွေးခဲ့ကြသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ ဆွေးနွေးခဲ့ကြသည့် အချက်များကို ကြည့်ပါက မိမိတို့၏ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုကြသည့် စိတ်ဆန္ဒများကို တွေ့ရှိရပါ ကြောင်း၊   တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကိုဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများသည်  လည်း နိုင်ငံရေးကို ဆောင်ရွက်ကြသဖြင့် သဘောသဘာဝကွဲပြားမှု ရှိနိုင်သည်များ ရှိသော်လည်း နိုင်ငံအရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေးအတွက် တူညီသည့် သဘောထားအမြင်များဖြင့် ဆောင်ရွက် နေကြခြင်း ပင်ဖြစ်ကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင် ကြရမည်ဖြစ်ပါကြောင်း။

ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျင် ဒီမိုကရေစီဟူသည် အများ၏ ဆန္ဒနှင့် အညီ ရွေးချယ်ခြင်းဖြစ်ပြီး ဖက်ဒရယ် စနစ်သည် မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများစွာရှိပြီး မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ရွေးချယ်ကျင့်သုံးကြသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကို ပြန်လည်၍ ငြင်းခုံနေ၍ မရဘဲ အတိတ်ကဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာရယူပြီး လက်ရှိပစ္စုပ္ပန်ကို ကောင်း အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဆိုသည်ထက် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီးပွားရေးကို မြှင့်တင်ရန် လိုအပ် မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်  အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာအောင် ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ အူမတောင့်မှ သီလစောင့်မည် ဆိုသည့် မြန်မာစကားပုံကို မမေ့စေလိုကြောင်း၊ ထို့ပြင် စည်းကမ်းပြည့်ဝသည့် အုပ်ချုပ်မှုစနစ်ကို သွားနိုင်ရန် အတွက်လည်း အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ် ပါကြောင်း၊ ပညာရေးကို မြှင့်တင်နိုင်မှသာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်နေ သူများဖြစ်၍ စက်မှုစီးပွားရေးကို ချက်ချင်း ဆောင်ရွက်၍ မရပဲ၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှု လုပ်ငန်းများကို ဦးစွာဆောင်ရွက်၍ အဆင့်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့ပြကျေးလက်ကွာဟမှု၊ ပြည်နယ်နှင့် တိုင်း ကွာဟမှုများကို အနည်းဆုံးဖြစ်အောင် နိုင်ငံရေးပါတီများက ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ ဆင်းရဲ မွဲတေမှုလျှော့ချရာတွင် အမှန်တကယ်ဖြစ်စေလိုကြောင်း၊ ပကတိ အခြေအနေနှင့် ချိန်ထိုးသုံး သပ်လုပ်ကိုင်သွားစေလိုကြောင်း။
    

နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းပြည်ကို ကောင်းစေလိုသည့် စိတ်ဆန္ဒများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌"ပြောသည့်အတိုင်း လုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန်" လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုး တက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက် တင်မြှောက်ခြင်း သည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်း များကို ရွေးချယ် တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ် စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်သည်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန် လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများ မဲမရသည်သာ ဖြစ်မည်ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေးကြ စေရေး စည်းရုံးကြစေ လိုကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး အတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက် ရှိသည့် မည့်သည့် အဖွဲ့အစည်းများ နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
    
တွေ့ဆုံဆွေးနွေးမှု အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လာရောက် မိတ်ဆက် တွေ့ဆုံကြ သည့် နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။