မြဝတီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်သီဟနှင့် အဖွဲ့ဝင်များက သင်္ကန်း ညီနောင်တပ်နယ်ရှိ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံ သည်။

ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးပြီး ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။