ယခုနှစ်အတွင်း ဧရာဝတီလင်းပိုင်သေဆုံးမှု ယခင်နှစ်များထက် ပိုမိုများပြား

မန္တလေး၊ သားငှက်ထိန်းသိမ်းရေး

မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဧရာဝတီလင်းပိုင်များ၏ သေဆုံးမှုမှာ ယခုနှစ်တွင် ရှစ်ကောင်အထိရှိသည့်အတွက် ယခင်နှစ်များထက် သေဆုံးမှု ပိုမိုများပြားလာကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ သိရ သည်။

“ဧရာဝတီလင်းပိုင်သေဆုံးမှုက ၂၀၁၈ ခုနှစ်က ခြောက်ကောင်သေတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သုံးကောင်ပဲ သေတယ်။ ဒီနှစ်မှာ ရှစ်ကောင်သေသွားတော့ အရင်နှစ်တွေထက် ပိုများတာပေါ့။ ဧရာဝတီလင်းပိုင် တွေသေဆုံးရတဲ့ အဓိကအကြောင်းရင်းကတော့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းတာကြောင့်ပါ။ သူ့သဘာဝအရ အသက်ကြီးလို့ သေတာထက် တရားမဝင်ဘက်ထရီရှော့ခ်တိုက်တာတွေကြောင့်သေတာ ရာခိုင်နှုန်းပိုများ တယ်” ဟု အဆိုပါဌာနစု ဒုတိယ ဦးစီးမှူး ဦးဇော်မန်းက ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)တို့မှနှစ်စဉ် ဖေဖော်ဝါရီလတွင် သုတေသနပြုစစ်တမ်းကောက်ယူသည့် အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်သည် ဆယ်စုနှစ်နှစ်ခုအတွင်း   ဧရာဝတီလင်းပိုင်တွေ့ရှိမှု အများဆုံးအဖြစ် ၇၉ ကောင်တွေ့ရှိခဲ့ပြီးမတ်လမှ နိုဝင်ဘာလအထိ ဧရာဝတီ လင်းပိုင်စုစုပေါင်း ရှစ်ကောင်အထိ သေဆုံးခဲ့ကြောင်း သိရသည်။

ဆုလာဘ်