ဆောက်လုပ်ဆဲနှစ်ထပ်ကျောင်းဆောင်သစ်ပြီးစီးရန် အလှူရှင်များစွာလိုအပ်

မုံရွာ၊ လူမှုရေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ရွှေဇလုပ်ရပ်ကွက် ရွှေရောင်ဆည်းဆာ ဘိုးဘွားပြုစုစောင့်ရှောက်ရေး   ပရဟိတသီလရှင်ကျောင်းတိုက်အတွင်းရှိ ဆောက်လုပ်ဆဲ သုခဆာယာနှစ်ထပ်ကျောင်းဆောင်သစ်ပြီးစီးရန်   အလှူရှင်များလိုအပ်လျက်ရှိကြောင်း ကျောင်းဆောင်ဖြစ်မြောက်ရေးတာဝန်ခံ ဦးနေစိုးထွန်းထံမှ သိရသည်။

ရွှေရောင်ဆည်းဆာ ဘိုးဘွားပြုစုစောင့်ရှောက်ရေး ပရဟိတသီလရှင် ကျောင်းတိုက်အတွင်းရှိ ယခင်ဘိုးဘွား များနေထိုင်သည့် အလျားပေ ၂၀၊ အနံပေ ၃၀ အကျယ်ရှိ သွပ်မိုး၊ ကပ်ကာတစ်ထပ်အဆောက်အအုံမှာ ပျက်စီး ယိုယွင်းနေပြီဖြစ်သဖြင့် သုခဆာယာနှစ်ထပ်ကျောင်းဆောင်သစ်ကို ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှစတင်၍ တည်ဆောက်ခြင်းဖြစ်သည်။

“အခုကျောင်းဆောင်သစ်ကို နှစ်ထပ်အာစီဆောက်မှာပါ။ ကုန်ကျစရိတ်ကတော့ ငွေကျပ်သိန်း ၁၀၀၀ ရှိပါ တယ်။ လောလောဆယ် ငွေကျပ် ၁၀ သိန်းနဲ့ မတည်ပြီးတော့ Foundation ကို စတင်လုပ်ဆောင်နေပါတယ်။    အရင်ကျောင်းဆောင်ဟောင်းက ပျက်စီးနေတော့ ဘယ်လိုမှအဆင်မပြေတော့တဲ့အတွက် ကျောင်းဆောင် သစ်ကို ဆောက်လုပ်ရတာဖြစ်ပါတယ်” ဟု ကျောင်းဆောင် ဖြစ်မြောက်ရေးတာဝန်ခံ ဦးနေစိုးထွန်းက ပြောသည်။

 ရွှေရောင်ဆည်းဆာဘိုးဘွား ပြုစုစောင့်ရှောက်ရေး ပရဟိတသီလရှင်ကျောင်းတိုက်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တည်ထောင်ခဲ့ရာ လက်ရှိအချိန်တွင် ဘိုးဘွား ၁၁ ဦး၊ လသားအရွယ်ကလေးတစ်ဦးနှင့် သီလရှင်ဆရာလေး ၁၁ ပါးရှိပြီးနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းလိုပါက ဖုန်း ၀၉-၇၈၉၉၉၁၆၆၇၊   ၀၉-၄၀၃၀၃၄၅၇၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

(၄၀၉)