ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖလမ်းမြို့နှင့်ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ထန်တလန်  သြဂုတ်  ၁၄

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဖလမ်းမြို့ မြို့တော်ခန်းမ တည်ဆောက်နေမှု၊   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသစ် တည်ဆောက်ပြီးစီးမှု၊ ခုတင်-၂၀၀ ဆံ့  ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင် တည်ဆောက်နေမှု၊ ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်နေမှု၊  Cyclone Shelter ဆောက်လုပ်နေမှု၊ ထန်တလန်မြို့ စက်မှုအထက် တန်းကျောင်း၊ ထန်တလန်လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ထန်တလန်ပြည်သူ့ ဆေးရုံတိုးချဲ့ ဆောင်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်က တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့တော်ခန်းမ တည်ဆောက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယသမ္မတသည် ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သစ်တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြာအွယ်နှင့် တာဝန်ရှိသူများက အဆိုပါ အဆောက်အအုံသစ်သည် အလျား ပေ - ၁၀၀၊ အနံပေ - ၇၀၊ အမြင့် ၄၃ ပေရှိပြီး စီမံကိန်း တန်ဖိုးငွေကျပ်သန်း ၇၀၀ ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့သူနာပြု သင်တန်းကျောင်း ချယ်ရီခန်းမသို့ ရောက်ရှိပြီး ဖလမ်းမြို့မှ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ယင်း နောက် ဖလမ်းမြို့မှမြို့မိမြို့ဖဥက္ကဋ္ဌ ဦးဟရန်းလောမ်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ နှင့်စပ်လျဉ်း၍တင်ပြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်နှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဖလမ်းမြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်တို့က ဖလမ်းမြို့အမှတ်(၁)ရပ်ကွက်၊ ကျင်မွှာရပ်ကွက်နှင့် ခေါလယ်ကျေးရွာတို့မှ ဒေသခံပြည်သူများအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဖလမ်းမြို့ သူနာပြုသင်တန်းကျောင်းဆောင် ဆောက်လုပ် နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ အမြဲတမ်း အတွင်းဝန် ဦးရွှေလေးနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြစန်းတို့က အဆောက်အအုံဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ဒုတိယသမ္မတသည် ဖလမ်းမြို့ ခုတင်-၂၀၀ ဆံ့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန်တို့က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်ရှင်းလင်း ဆောင်သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်စိုးက  လေယာဉ်ကွင်း တည်ဆောက်နေမှု၊ လေဆိပ်ဆိုင်ရာအချက် အလက်များနှင့် Flight Check ဆောင်ရွက်ရာတွင် အကြံပြုချက်များအရ လေယာဉ်များ ပိုမိုအန္တရာယ် ကင်းရှင်းစွာ ဆင်းတက်နိုင်ရန် လေယာဉ်ပြေးလမ်းမြောက်ဘက်ထိပ် ဝဲ/ ယာ နှစ်ဖက်ရှိတောင်များအား တောင်ဖြိုခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်း လင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် လေယာဉ်ကွင်းနှင့် လေဆိပ်တည်ဆောက်ပြီးစီးမှု အခြေ အနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့ Cyclone Shelter သို့ ရောက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က တည်ဆောက်ပြီးစီးသည့် Cyclone Shelter များအခြေအနေ၊ Cyclone Shelter များတွင် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး တည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင်ပြည်သူများအတွက် တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ တင်ပြထားရှိမှုတို့ကို   ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။

ယင်းနောက် ဒုတိယသမ္မတသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(ထန်တလန်) အားကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ကျောင်း ဆိုင်ရာအချက်အလက်များ၊ ၂၀၁၈-၂၀၁၉မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လျာထားတည်ဆောက်ရေး လုပ်ငန်းသစ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊  ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးပေါင်လွန်မင်းထန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး တို့က ပြန်လည်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ကျောင်းအဆောက်အအုံနှင့် သင်တန်းသားလက်တွေ့ အလုပ်ရုံတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက်  ဒုတိယသမ္မတသည် ထန် တလန်မြို့ ၆၆/၁၁ ကေဗွီ၊  ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းတို့က ချင်းပြည်နယ်အတွင်းလက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားရှိမှု အခြေအနေ နှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းဆိုင်ရာများနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း   ချင်းပြည်နယ် ထန်တလန်မြို့ ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံတွင် တည်ဆောက် မည့် တည်ဆောက်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ ရေပေးဝေရေး ရေလှောင်ကန် တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီး ဦးစိုးထက်နှင့် ထန်တလန်မြို့နယ် စည်ပင် သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဗန်ဇအုပ်တို့က လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းပွားတို့က အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ထန်တလန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး     တည်ဆောက်နေမှုအားကြည့်ရှု စစ်ဆေးရာအမြဲတမ်းအတွင်းဝန် ဦးရွှေလေးနှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြကြ သည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ရေရှည်ကာလကိုမျှော်မှန်း၍ အဆောက်အအုံများ တည်ဆောက်ရာတွင် မြေနေရာကို စနစ်တကျစီမံခန့်ခွဲ အသုံးချသွားရန် လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။                 

(၅၀၀)