မဘိမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် သြဂုတ် ၁၃ ရက် ည ၆ နာရီခန့်တွင် ခေါ်တောကျေးရွာ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ တောင်ယာတဲတစ်လုံးတွေ့ရှိပြီး မသင်္ကာသဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ၎င်းတဲအတွင်းမှ ဒေါ်အေး(ဘ)ဦးစီအား WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား၁၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား မဘိမ်းမြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)