ပင်လုံမြို့နယ် ပင်လုံ-လဲချားသွားကားလမ်း၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများ အား ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လုံမြို့၏မြောက်ဘက် မိုင် ၂၀ ခန့်အကွာပင်လုံ-လဲချား သွားကားလမ်း၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့ညနေ ၅ နာရီခန့်တွင် လဲချားမြို့ဘက်မှ ပင်လုံမြို့ဘက်သို့ အောင်မျိုးလင်း(ဘ)ဦးခင်မောင်ဝင်း မောင်း နှင်ပြီး ကောင်းခန့်ကျော်(ဘ) ဦးတင်ဆန်းလိုက်ပါလာသည့် SUZUKI အမျိုးအစား မော်တော် ယာဉ်အမှတ်၊ YGN-7Q/---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၇၈၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၇၇၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စိစစ်မေးမြန်းချက်အရ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်သူ အောင်ခိုင်မြင့်(ဘ)ဦးသန်းလှိုင်အား ညနေ ၅ နာရီခွဲခန့်တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်၌ CROWN အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-5J/----  နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ပင်လုံနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)