ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သရက်သီးတန်ချိန် လေးသောင်းကျော် တင်ပို့

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သရက်သီးတန်ချိန် လေးသောင်းကျော် တင်ပို့

ယခုနှစ် သရက်ရာသီအတွင်း တရုတ် နိုင်ငံသို့   သရက်တန်ချိန်  လေးသောင်း ကျော်တင်ပို့ထားပြီး ယခင်နှစ်ထက် တန်ချိန်တစ်သောင်း ဝန်းကျင် လျော့နည်းခဲ့ ကြောင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်ရှိ  သစ်သီးဝလံ ကုန်စည်ဒိုင်   ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သက်ဦး ၏ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် သရက်ရာသီချိန်က မူဆယ် နယ်စပ်မှ တရုတ်နိုင်ငံသို့ သရက်တန်ချိန် ၅၂ဝဝဝ  ကျော် တင်ပို့ခဲ့ပြီး ယခုနှစ် သရက်ရာသီချိန်တွင် တန်ချိန် ၄၁ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့သည့်အပြင်  ဈေးနှုန်းရရှိမှုမှာလည်း ယခင်နှစ်က တစ်လုံးလျှင် ငွေကျပ် ၁ဝဝ   ရရှိသည့် အသီးမှာ  ယခုနှစ်တွင် ငွေကျပ် ၇ဝ သာ ရရှိသောကြောင့် ၃ဝ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ 

ယခုနှစ်   သရက်ရာသီ စတင်ချိန်က အရောင်းအဝယ်နှင့် ဈေးနှုန်းရရှိမှု အနည်း ငယ် ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် အရောင်းအဝယ် ကျဆင်းခဲ့သည်။ ''သရက်ရာသီအစပိုင်း ပစ္စည်းနည်းတဲ့အချိန်ပဲ  အရောင်းအဝယ်  နည်းနည်း ကောင်းခဲ့တယ်။ ကျန်တဲ့ရာသီအလယ်မှာရော  နောက်ပိုင်းမှာပါ  အရောင်းအဝယ် မကောင်းတော့ဘူး။ ဈေးကွက်နဲ့ ပတ်သက်ပြီး ဒီနှစ်က COVID-19  ရောဂါအခြေ အနေကြောင့်   သရက်ခြံရှင်တွေလည်း အကျိုးအမြတ် မရဘူး။ အရင်းလောက်ပဲ ပြန်ရမယ်''  ဟု ဦးအောင်သက်ဦး ကပြော သည်။ လက်ရှိတွင် သရက်ရာသီချိန် ကုန်ဆုံးပြီဖြစ်ပြီး နာနတ်ရာသီချိန် ရောက်ရှိပြီဖြစ် သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးသောကြောင့် မူဆယ်ဈေးကွက်၌ သီးနှံရောင်းချသူများ အလုပ်အကိုင် ရပ်နားထားကြောင်း သိရသည်။