လက်ဝှေ့ပွဲဉီးထွက်မှာ WLC ရဲ့ ပထမဆုံးအမျိုးသမီးချန်ပီယံဖြစ်လာဖို့ စိတ်အားထက်သန်နေ တဲ့ မိုင်ရှာကက်ဇ်

WLC ရဲ့ ပထမဆုံးအမျိုးသမီး ချန်ပီယံခါးပတ်လုပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ်မန်ဖ ရက်ဒီနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခွင့်ရလို့ စိတ်လှုပ်ရှားနေသူကတော့ မိုင်ရှာကက်ဇ်ဖြစ်ပါတယ်။ ဂျာ မဏီ-စပိန်နွယ်ဖွား မိုင်ရှာကက်ဇ်က ထိုင်းနိုင်ငံမှာ အခြေစိုက်သူပါ။ တခြားအားကစားပြိုင်ပွဲ မှာ ပွဲ ၂၀ ယှဉ်ပြိုင်ပြီး ၁၇ ပွဲအနိုင်ရထားတဲ့ မိုင်ရှာကက်ဇ်အတွက် ဒီပွဲက ပထမဆုံး လက်ဝှေ့ ပွဲဖြစ်လာမှာပါ။ မိုင်ရှာကက်ဇ်နဲ့ လူမှုကွန်ရက်ကနေ ဆက်သွယ်မေးမြန်းထားမှုတွေကို ဖော် ပြပေးလိုက်ပါတယ်။

တိုက်ခိုက်ရေးအားကစားလောကထဲ ရောက်တာ ဘယ်လောက်ကြာပြီလဲ။

အသက် ၁၈ နှစ်ကတည်းက လေ့ကျင့်လာခဲ့တာပါ။ အဲဒီတုန်းက ကစ်ဘောက်ဆင်နဲ့ K1 ကစားတယ်။ ၂၂ နှစ်အရွယ်မှာ မွေထိုင်းသင်ဖို့ ထိုင်းနိုင်ငံမှာ လာနေတာပါ။

လက်ဝှေ့လောကထဲ ဝင်ရောက်ဖြစ်တဲ့ အဓိကအကြောင်းရင်းပြောပြပါဉီး။

လက်အိတ်မပါဘဲ ယှဉ်ပြိုင်ရတာက ကျွန်မကိုဆွဲဆောင်နေတယ်။ တိုက်ခိုက်ရေးအားကစား အားလုံးကိုလည်း ကြိုက်ပါတယ်။ လက်ဝှေ့က ကျွန်မအတွက် စိန်ခေါ်မှုအသစ်တစ်ရပ်လို့ ထင်ပါတယ်။

လက်ဝှေ့ပွဲဉီးထွက်အတွက် ဘယ်လိုပြင်ဆင်နေလဲ။

တစ်ရက်ကို အလုပ်ချိန်က ရှစ်နာရီရှိတယ်။ ပြီးတော့ လေ့ကျင့်မှုလုပ်ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ နည်းပြက လေ့ကျင့်ရေးအစီအစဉ်မှာ ကျွန်မကို ဘယ်လိုပုံစံနဲ့အကောင်းဆုံး အစွမ်းအစထွက် လာအောင်လုပ်ပေးရမလဲဆိုတာ သိတယ်။ လေ့ကျင့်တာကတော့ မွေထိုင်းပွဲယှဉ်ပြိုင်ဖို့ ပြင် ဆင်တဲ့ပုံစံအတိုင်းပဲ လေ့ကျင့်ပါတယ်။ ဒါပေမဲ့ အသေးစားလက်အိတ် ဒါမှမဟုတ် လက်အိတ် မပါဘဲ လေ့ကျင့်တယ်။

WLC မှာ နှစ်ပွဲစလုံး အနိုင်ရထားတဲ့ ပြိုက်ဘက် ဆိုရိစ်မန်ဖရက်ဒီကို ဘယ်လိုမြင်လဲ။

သူကအသည်းကောင်းတဲ့ လက်ဝှေ့မယ်တစ်ယောက်ပါ။ သူယှဉ်ပြိုင်တဲ့ပွဲတွေလည်း ကြည့်ဖူး တယ်။ ထိပ်တန်းအဆင့်လည်း ကြည့်ဖူးတယ်။ ထိပ်တန်းအဆင့်ပြိုင်ဘက်ကောင်းတစ် ယောက်ပါ။

လက်ဝှေ့ပွဲဉီးထွက်မှာပဲ WLC  ရဲ့ ပထမဆုံး အမျိုးသမီးချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ အပေါ် ဘယ်လိုခံစားရလဲ။

ချန်ပီယံ ခါးပတ်လုပွဲ ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေတာကတော့ အမှန်ပါပဲ။ ဒီပွဲကခပ် ကြမ်းကြမ်းပွဲစဉ်ဖြစ်လာမှာပါ။ ကျွန်မတို့ နှစ်ယောက်စလုံး ချန်ပီယံခါးပတ်ရဖို့ ရာနှုန်းပြည့် ပေးဆပ်မှာပါ။ WLC က ကျွန်မကို ယှဉ်ပြိုင်ခွင့်ပေးတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။

မြန်မာလက်ဝှေ့ပရိတ်သတ်တွေကို ဘာများပြောချင်လဲ။

လက်ဝှေ့ပရိတ်သတ်အားလုံးကို ပြောချင်တာကတော့ လက်အိတ်မပါဘဲ ယှဉ်ပြိုင်ရတဲ့ လက် ဝှေ့အားကစားနည်းကို ကျွန်မအရမ်းသဘောကျပါတယ်။ အကြိတ်အနည်ယှဉ်ပြိုင်ပြီး ချန်ပီယံ ခါးပတ်ရယူမှာပါ။ ကျွန်မနဲ့ ဆိုရိစ်မန်ဖရက်ဒီတို့ရဲ့ ပွဲစဉ်က ပရိတ်သတ်အားလုံးကို  သဘောကျနှစ်သက်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုရဲ