ဥရောပတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှု ဒီဇင်ဘာ ၂၇ ရက်တွင် စတင်မည်

ဥရောပဒေသတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှုကို  ဒီဇင်ဘာ ၂၇ ရက်တွင်    စတင်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပဆေးဝါးကွပ်ကဲမှုဌာနက ဖိုင်ဇာနှင့်ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာ ၂၁ ရက်တွင် အသုံးပြုခွင့်ပေးခြင်း ဖြစ်သည်။

ထိုကာကွယ်ဆေးများသည် ပြင်သစ်နိုင်ငံသို့ ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် ဘိုးဘွားရိပ်သာနှစ်ခု၌   ကာကွယ်ဆေးများကို   စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း ပြင်သစ်တာဝန်ရှိသူများက ပြောသည်။

ပြင်သစ်နိုင်ငံသို့   ရောက်ရှိလာသည့် ကာကွယ်ဆေးအရေအတွက်မှာ ၁၉၅၀၀ သာရှိသောကြောင့် နိုင်ငံအတွင်းရှိ ဘိုးဘွားရိပ်သာ ၇၀၀၀ ကျော်တွင် နေထိုင်သူများနှင့် ဝန်ထမ်းများအားလုံးကို ကာကွယ်ဆေးထိုးမှုမှာ  လာမည့်နှစ် အစောပိုင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ၌ ကူးစက်မှုမြန်ဆန်သည့် ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်ကို တွေ့ရှိပြီးနောက် ဥရောပနိုင်ငံများက ထိုဗိုင်းရပ် ကူးစက်ခံရမည်ကိုစိုးရိမ်နေစဉ် ဥရောပဒေသတစ်ဝန်း၌  ကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: TST