ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်က ၂၀၂၈  ခုနှစ်တွင် ကမ္ဘာ့နံပါတ်(၁) စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ဟုဆို

တရုတ်နိုင်ငံသည် ၂၀၂၈ ခုနှစ်တွင် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့နံပါတ်(၁)စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်လာနိုင်ကြောင်း သုတေသနဌာန တစ်ခုက ခန့်မှန်းထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အမေရိကန်နိုင်ငံ၌ စီးပွားရေးကျဆင်းမှုများက တရုတ်နိုင်ငံ၏ စီးပွားရေးကို ထောင်တက်သွားစေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့်ကုန်သွယ်ရေး သုတေသနဌာနက ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ယခင်ခန့်မှန်းထားသည်ထက် ငါးနှစ်ပိုစော၍ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ခြင်း ဖြစ်ကြောင်း   သုတေသနဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားသည့် ကပ်ရောဂါကို ကောင်းစွာစီမံထိန်းချုပ်လိုက်နိုင်သည့် အတွက်လည်း အမေရိကန်နိုင်ငံကို အချိန်တိုအတွင်း လိုက်မီလာခြင်း ဖြစ်ကြောင်း အဆိုပါ သုတေသနဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၅ ခုနှစ်ကာလအတွင်း တစ်နှစ်လျှင် စီးပွားရေးတိုးတက်မှု ၅ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၆-၂၀၃၀ ပြည့်နှစ်ကာလအတွင်း   တစ်နှစ်လျှင် စီးပွားရေး တိုးတက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

အမေရိကန်နိုင်ငံကမူ ၂၀၂၁ ခုနှစ်မှသာ စီးပွားရေးတိုးတက်မှုကို ပြန်လည်ရရှိနိုင်ပြီး ၂၀၂၂-၂၀၂၄ ခုနှစ်ကာလအတွင်း စီးပွားရေးတိုးတက်မှု ၁ ဒသမ ၉ ရာခိုင်နှုန်းသာ မျှော်မှန်းထားကာ နောက်ပိုင်းတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့်သာ တိုးတက်မည်ဟု ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံကမူ ၂၀၃၀ ပြည့်နှစ်အစောပိုင်းအထိ ကမ္ဘာ့တတိယမြောက်စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် အိန္ဒိယက ဂျပန်နိုင်ငံ၏နေရာကို ဝင်ယူမည်ဖြစ်သည့်အတွက် ဂျာမနီနိုင်ငံက အဆင့် ၅ နေရာသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သုတေသနဌာနက ထုတ်ပြန်ထားသည်။                  

Ref: TST