၄၃ မိုင်အကွာမှာရှိတဲ့ ပစ်မှတ်ကိုပင် ထိမှန်စေခဲ့တဲ့ တာဝေးပစ်အမြောက်

သာမန်အားဖြင့်ဆိုရင် အမြောက်တစ်လက်ဟာ    သူ့ရဲ့အမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ပစ်မှတ်ဆီ ပစ်ခတ်နိုင်တဲ့ အကွာအဝေး အမျိုးမျိုး ရှိပါတယ်။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် ၄၃ မိုင် (ကီလိုမီတာ ၇၀)အကွာမှာရှိတဲ့ ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ အမြောက်တော့ မရှိသေးပါဘူး။ ပြီးတော့ ဒီလိုပစ်ခတ်နိုင်မှုဟာလည်း အဝေးဆုံးအကွာအဝေးမှာရှိတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်ပါတယ်။   ဒါဟာ တရားဝင်အချက်အလက်တွေအရ  ပြောတာဖြစ်ပါတယ်။

ဒီလိုစွမ်းဆောင်ရည်ရှိတဲ့ အမြောက်ကို စမ်းသပ်တာကတော့    အမေရိကန်ကြည်းတပ်ပါ။  အကွာအဝေးတိုးမြှင့်ထားတဲ့ အမြောက်လို့အမည်ရတဲ့ အဲဒီအမြောက်ကနေ ပဲ့ထိန်းစနစ်ပါတဲ့ အမြောက်ဆန်ကို ပစ်ခတ်လိုက်တာဖြစ်ပြီး အဲဒီအမြောက်ဆန်ဟာ ၄၃ မိုင်အကွာမှာရှိတဲ့ သတ်မှတ်ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်သွားတာကို တွေ့ရပါတယ်။

ဒီအမြောက်ဟာ ယခုနှစ် မတ်လတုန်းကလည်း အလားတူ ပစ်ခတ်စမ်းသပ်မှုကို လုပ်ခဲ့ပါသေးတယ်။   အဲဒီအချိန်တုန်းက အမြောက်ဆန်က မိုင် ၄၀ အထိပဲရောက်ရှိခဲ့တာပါ။ ဒီလိုတာဝေးပစ်အမြောက်ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရန်သူ့တည်နေရာ အတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို ကိုယ့်အတွက် စိတ်ချရတဲ့နေရာကနေ ထိမှန်အောင် ပစ်ခတ်ပြီး   ချေမှုန်းနိုင်စေဖို့ ဖြစ်ပါတယ်။ ကိုယ့်အတွက် စိတ်ချရတဲ့နေရာဆိုတာ ရန်သူရဲ့တန်ပြန်တိုက်ခိုက်မှုကို မခံရတဲ့ နေရာမျိုးကိုခေါ်တာပါ။

အခုလိုအဆင့်မြှင့်ထားတဲ့ အမြောက်တွေကို ၂၀၂၃ ခုနှစ်မှာ စစ်မြေပြင်မှာ စတင်အသုံးပြုသွားတော့မယ်လို့    အမေရိကန်စစ်ဘက်က ပြောထားပါတယ်။

အဆင့်မြှင့်ထားတဲ့ အမြောက်ရဲ့   မူလအမျိုးအစားက   M109A7   Paladin ဟောင်ဝစ်ဇာဖြစ်ပြီး   အခုစမ်းသပ်မှုမှာ အသုံးပြုသွားတဲ့ အမြောက်ရဲ့ ပြောင်းအချင်းက ၁၅၅ မီလီမီတာနဲ့  ပြောင်းအရှည်က ၂၉ ပေခွဲ ရှိပါတယ်။

ဒီလိုပြောင်းအလျားရှည် သွားတဲ့အတွက် အမြောက်ဆန်ကနေထွက်တဲ့ ယမ်းငွေ့ရဲ့ တွန်းကန်အားက    ပိုမိုကြီးမားသွားပြီး အမြောက်ဆန်ကို ပိုမိုမြန်ဆန်တဲ့ အရှိန်နဲ့ ပိုမိုဝေးကွာတဲ့ နေရာဆီကို ရောက်ရှိစေတာ ဖြစ်ပါတယ်။

အခုအဆင့်မြှင့်ထားတဲ့  အမြောက်က အမေရိကန်ကြည်းတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ဟောင်ဝစ်ဇာတွေရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးထက် နှစ်ဆရှိပါတယ်။ မူလ  M109A7   Paladin ဟောင်ဝစ်ဇာက ၂၄ ဒသမ ၄ မိုင်အထိသာ ပစ်ခတ်နိုင်တာပါ။

အသုံးပြုသွားတဲ့ အမြောက်ဆန်ကတော့ ရေးသီယွန်ကုမ္ပဏီထုတ် Excalibur ဖြစ်ပြီး    သူက  GPS လမ်းညွှန်စနစ်နဲ့  လှိုင်းနှုန်းဖိဖျက်မှု ဒဏ်ခံစနစ်တို့ ပါဝင်ပြီး ပေါက်ကွဲအား အလွန်ပြင်းထန်တဲ့ ထိပ်ဖူးကို တပ်ဆင်ထားတာပါ။ ၂၀၁၀ ပြည့်နှစ်အလွန်ကာလတွေမှာ စတင်အသုံးပြုခဲ့တဲ့ အဲဒီအမြောက်ဆန်ရဲ့ ကနဦးတိကျတဲ့ ထိမှန်နိုင်မှုကတော့ ၂ မီတာပတ်လည် ဖြစ်ပါတယ်။

အမေရိကန်စစ်ဘက်က  ထုတ်ပြန်ထားတာက အခုစမ်းသပ်လိုက်တဲ့ အမြောက်ရဲ့ပစ်ခတ်နိုင်မှု အကွာအဝေးဟာ ကမ္ဘာပေါ်မှာ သူတို့သာလျှင် ပထမဆုံးလုပ်နိုင်တဲ့ အရာဖြစ်ပြီး ဒီလိုအမြောက်မျိုးကလည်း ဘယ်ရန်သူဆီမှာမှ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အဲဒါကိုစိန်ခေါ်မယ့်အရာက ရှိနှင့်နေပြီးပါပြီ။ သူကတော့ ရုရှားနိုင်ငံက အသုံးပြုနေတဲ့  2S35 လို့ အမည်ရတဲ့ ၁၅၂ မီလီမီတာဟောင်ဝစ်ဇာ ဖြစ်ပါတယ်။

သူကလည်း    M109A7 Paladin ဟောင်ဝစ်ဇာလိုပဲ ကီလိုမီတာ ၄၀ ကနေ ကီလိုမီတာ ၈၀ အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုထားပါတယ်။

2S35  အမြောက်ဟာ ဒီလောက်အကွာအဝေးအထိ ရောက်ရှိအောင်  ပစ်ခတ်နိုင်တယ်ဆိုတာက ပဲ့ထိန်းအမြောက်ဆန်ကို အသုံးပြုထားခြင်းကြောင့် ဟုတ်၊ မဟုတ် ဆိုတာတော့ မသိရသေးပါဘူး။

ရုရှားသတင်းစာတစ်စောင်က   ဒီနှစ်မတ်လမှာ ဖော်ပြထားတာက ရုရှားနိုင်ငံအနေနဲ့ အမြောက်ဆန် အမျိုးအစားအသစ်ကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။

တကယ်လို့သာ အဲဒီအမြောက်ဆန်ကို အသုံးပြုပြီး ပစ်ခတ်မယ်ဆိုရင်   ၂ှ၃၅ သာမက သူ့ရဲ့ယခင်မျိုးဆက်ဖြစ်တဲ့ ၂ှ၁၉ ဟောင်ဝစ်ဇာတွေဟာ ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကိုတောင်မှ ပစ်ခတ်နိုင်မယ်လို့ အတိအလင်း ဆိုထားပါသေးတယ်။

နွေဦး