ဦးခေါင်းပိုင်းရောဂါခံစားနေရသောကလေးငယ်အား အလှူရှင်များက ထောက်ပံ့ငွေများလှူဒါန်း

လှိုင်းဘွဲ့၊ လူမှုရေး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာ ဦးကာတွန်းနေအိမ်ရှိ ဦးခေါင်း ပိုင်းရောဂါခံစားနေရသော ကလေးငယ်အတွက် ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် အလှူရှင်များက ထောက်ပံ့ငွေများ သွားရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ဦးခေါင်းရောဂါခံစားနေရသောကလေးငယ် မောင်လာဖောင်ထွဋ်သည်မွေးဖွားပြီး သုံး၊ လေးလ အရွယ်တွင် ဦးခေါင်းပိုင်းသည် တဖြည်းဖြည်းကြီးမားလာပြီး ဦးခေါင်းကြီးဝေဒနာကိုခံစားနေရကာ ကလေး ငယ် အတွက် အလှူရှင်များကလှူဒါန်းသော ငွေကျပ် ၆၀၅၀၀၀ ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်တို့က ဒုတိယအကြိမ် သွား ရောက်လှူဒါန်းပေးပြီး ရန်ကုန်မြို့၌ ဆေးကုသမှုခံယူရန် လှိုင်းဘွဲ့မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မော်တော်ယာဉ်ဖြင့် စစ်တောင်းတံတားထိပ်သို့ သွားရောက်ပို့ဆောင်ပေးကြောင်း သိရသည်။              

(၄၀၆)