နေပြည်တော်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြု ပစ်ဖောက်မည်

နေပြည်တော်  ဒီဇင်ဘာ  ၂၈

နေပြည်တော်၌ ၂ဝ၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှူး မီးပန်းများကို နေရာ နှစ်နေရာ ခွဲ၍  ဂုဏ်ပြု ပစ်ဖောက် သွားမည်ဖြစ်ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့မတိုင်မီ ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်အဝင်လမ်း၏ ညာဘက်ခြမ်း၌ ည ၇  နာရီတွင် လည်းကောင်း၊ ရေပန်းဥယျာဉ်ဂိတ် အမှတ်(၁) အဝင်လမ်း၌ ည ၇ နာရီ ၅ မိနစ်တွင်လည်းကောင်း  မီးရှူး မီးပန်းများ   စမ်းသပ်ပစ်ဖောက်သွားမည်ဖြစ်သည်။

လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ ၄ ရက် တွင် နိုင်ငံတော်သမ္မတအိမ်တော်အဝင်လမ်း၏ညာဘက်ခြမ်း၌ ည ၇ နာရီတွင်လည်းကောင်း၊ ရေပန်းဥယျာဉ်ဂိတ် အမှတ်(၁)  အဝင်လမ်း၌ ည ၇ နာရီ ၅ မိနစ်တွင်လည်းကောင်း မီးရှူး မီးပန်းများ    ဂုဏ်ပြုပစ်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။