ရန်ကုန်- မကွေး- စစ်တွေ ကျွန်းပတ်လေယာဉ် ခရီးစဉ်များကို ဇန်နဝါရီလ လယ်ပိုင်းမှ စတင်ပြေးဆွဲမည်

မကွေး၊ လမ်းပန်းဆက်သွယ်ရေး

ရန်ကုန်- မကွေး- စစ်တွေကျွန်းပတ်လေယာဉ်ခရီးစဉ်များကို ၂ဝ၂၁ခုနှစ် ဇန်နဝါရီလလယ်ခန့်မှစ၍  ပြန်လည် ပြေး ဆွဲရန် လျာထားပြီး မကွေးမြို့သို့ရောက်ရှိလာသူ များနှင့် မကွေးမြို့မှထွက်ခွာမည့်ခရီးသည် များအတွက် COVID-19 ရောဂါဆိုင်ရာ စည်းကမ်းများသတ်မှတ်ထားကြောင်း MNA မကွေး ကိုယ်စားလှယ်ထံမှသိရသည်။

ထိုသို့စည်းကမ်းများသတ်မှတ်ရာတွင် Stay at Home နေရာမှ မကွေးမြို့သို့လာလျှင် Home Quarantine ခုနစ်ရက် ဝင်ရမည်ဖြစ်ပြီး   မကွေးမြို့မှခရီးသည် များမှာ ထွက်ခွာမည့်အချိန်ထက် နှစ်ရက် စော၍  မကွေးမြို့  မကြီးကန်ကျေးရွာ အနီးရှိ COVID-19 ရောဂါ  စစ်ဆေး ရေးအခြေစိုက်နေရာ၌ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ကျန်းမာရေး စစ်ဆေးရမည်ဖြစ်ကြောင်း၊ ခရီးမထွက် ခွာမီ ၃၆ နာရီအတွင်း Negative အဖြေ ထွက်မှ လေယာဉ်စီးခွင့်ပြုမည်ဖြစ်ကြောင်း   စည်းကမ်းများသတ်မှတ်ထားသည်။

''ခရီးစဉ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရကိုတင်ပြပါတယ်။ တိုင်းဒေသကြီး အစိုးရက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပါတယ်။  လုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း  MNA ရုံးချုပ်ကို  တင်ပြ ထားပြီးပါပြီ။

ဆိုက်ရောက် ထွက်ခွာခရီးသည်အားလုံးကို သတ်မှတ်စည်းကမ်း နဲ့အညီ စနစ်တကျ စစ်ဆေးမှာပါ။ စစ်ဆေး ခကဝန်ထမ်း ဆိုရင်  ကုန်ကျစရိတ်မရှိဘူး။ ပုံမှန်ခရီးသည်ဆိုလျှင်  RDT  စစ်ဆေးခငွေ ကျပ်တစ်သောင်း ကျမယ်။  

မကွေးကိုရောက်လာတဲ့ ခရီးသည် Home Quarantine ဝင်နေတုန်းဖျားလို့ NHL ကို Swab ပို့ရမယ်ဆိုရင် ငွေကျပ်ငါးသောင်း လို့သိရပါတယ်။ နိုင်ငံခြားသားနဲ့ NGO/INGO အတွက်လည်း သတ်မှတ်ချက်တွေ ရှိပါတယ်''ဟု မြန်မာ အမျိုးသား လေကြောင်းလိုင်း MNA မကွေးကိုယ်စားလှယ် ဦးစံထွေး ကပြောသည်။

အရေးပေါ်အခြေအနေအရ  ကြိုတင် လက်မှတ်မဝယ်ဘဲ Go Showစီးမည့်သူများ အနေဖြင့်  လေယာဉ် ကွင်းချိန်ကို သုံးနာရီ စော၍လာရန်လိုအပ်ပြီး RDT ဖြင့် စစ်ဆေးမှု အောင်မြင်မှလိုက်ပါခွင့်ရ မည်ဖြစ်ကြောင်း၊

ခရီးစဉ်နှင့်ပတ်သက်၍ လိုအပ်ချက်အရ ဆက်သွယ်နိုင်ရန် Immigration  Arrival Formတွင် ဖုန်းနံပါတ်နှင့် နေရပ် လိပ်စာ အတိအကျဖြည့်ရမည်ဖြစ်သည်။

လေယာဉ် ခရီးစဉ်များကို  ယခင်က တစ်ပတ်လျှင်တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာသုံးရက် ပြေးဆွဲ ပေးခဲ့သော် လည်း ယခုအခါ မည်သည့်ရက်များတွင် ပြေးဆွဲမည်ကိုမူ   ညွှန်ကြားချက်မရသေးကြောင်း   မကွေးလေကြောင်း လိုင်း   ကိုယ်စားလှယ်ထံမှ သိရသည်။