ဟားခါးမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဟားခါး သြဂုတ် ၁၅

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးရန် ချင်းပြည်နယ်၌ရောက်ရှိနေ သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ထန်တလန်နှင့်ဟားခါး မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး ဟားခါး ကောလိပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဟားခါးကောလိပ်ဘွဲ့နှင်း သဘင်တည်ဆောက်နေမှု၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၈ နာရီတွင် ထန်တလန်မြို့ ထန်တလန်နှစ်ခြင်းအသင်းတော် Diamond Jubilee Memorial Hall၌ ထန်တလန်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင်   ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း     ပရဟိတအဖွဲ့အား ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီး ဦးဖွေ အားတို့က ဒေသခံပြည်သူများအား နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပေးအပ်ကြ သည်။

အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ထန်တလန်မြို့နယ် ခွာဟရန်၊ မှောင်တလန်၊ တလန်ပီးနှင့် အိုင်ဘူရ်ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူ ၃ဝ၂ ဦးကို ပေးအပ်ခဲ့သည်။

ဆက်လက်၍  ဒုတိယသမ္မတသည် သဘာဝဘေးဒဏ်ကြောင့် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်မြောက်ဘက်ခြမ်း မြေ ထိန်းနံရံမြေပြိုခြင်းနှင့်  မြို့ရှောင်လမ်း လမ်းသားပြတ်ကျသည့်နေရာအား ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင် မြင့်ဦးနှင့် ညွှန်ကြားရေးမှူး ဦးဆန်းလွင်ဦး တို့က  ထန်တလန်မြို့ပတ်လမ်းဆိုင်ရာ အချက်အလက်များ၊ သဘာဝဘေးဒဏ် ကြောင့် မြေပြိုကျမှု၊ လမ်းပြတ်ကျသည့် နေရာအား ယာယီပြန်လည်ပြင်ဆင်မည့် အဆိုပြုပုံစံတို့ကို ရှင်းလင်းတင်ပြသည်။

အဆိုပါမြေထိန်းနံရံနှင့် လမ်းသားပြတ် ကျမှုတို့သည် သြဂုတ် ၈ ရက် နံနက် ၁၁ နာရီခွဲက ထန်တလန်မြို့တွင် မိုးရေချိန် ၂ ဒသမ ၁ လက်မ ရွာသွန်းမှုကြောင့် ဖြစ်ပွား  ခဲ့ခြင်းဖြစ်ပြီး  ယခုလမ်းတာပေါင်အသစ် ပြန်တင်ဆဲဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ထန်တလန်မြို့မှ ဟားခါးမြို့သို့ရောက်ရှိကြပြီး ဟားခါး တက္ကသိုလ်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်း အား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းနှင့် အင်ဂျင်နီယာ ချုပ် ဦးကျော်မင်းအေးတို့က လုပ်ငန်းပိုင်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍   ဒုတိယသမ္မတသည်  ဟားခါးကောလိပ် ယာယီရှင်းလင်းဆောင် သို့ရောက်ရှိရာ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး နှင့်တာဝန်ရှိသူများက ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ခြင်းလုပ်ငန်း ဆိုင်ရာများ၊    တည်ဆောက်ပြီးစီးမှုများ၊  ဆက်လက်တည်ဆောက်သွားမည့်အစီအမံ များ၊ ဟားခါးပညာ့ရိပ်သာအိမ်ရာဝင်းတည် ဆောက်မှုများ ၊ ကောလိပ်တိုးချဲ့မြေရရှိရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြ သည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား သည်။

ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက် နေမှုနှင့် ဟားခါးပည့ာရိပ်သာအိမ်ရာဝင်း တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှု စစ်ဆေးသည်။

အဆိုပါဘွဲ့နှင်းသဘင်ခန်းမသည် သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ပြီး   စီမံကိန်း တန်ဖိုးငွေကျပ်  ၉၃၃၁ ဒသမ ၁၉၄ သန်း ဖြစ်ပြီး တည်ဆောက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတသည် ဟားခါး မြို့ Multi Purpose Cyclone Shelter ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က Multi Purpose Cyclone Shelter တည်ဆောက် ပြီးစီးမှု၊ Cyclone Shelter ဆက်စပ်လုပ်ငန်း များ၊ Cyclone Shelter ဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် Multi Purpose Cyclone Shelterအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဟားခါးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းသုံးထပ်ဆောင် သစ်တည်ဆောက်နေမှုအား    ကြည့်ရှု စစ်ဆေးရာ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲလေးမြင့်က ကျောင်း ဆောင်သစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

အဆိုပါသုံးထပ်ကျောင်းဆောင်သစ်သည် အလျားပေ ၁၄ဝ၊ အနံပေ ၃ဝ ရှိပြီး သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ကာ ခွင့်ပြုရန်ပုံ ငွေကျပ် ၅၇၆ ဒသမ ၆၅၂ သန်းဖြစ် ကြောင်း သိရသည်။ ယင်းနောက် ဒုတိယသမ္မတသည် ဟားခါး မြို့ ဗိုလ်တိုက်ချွန်းခန်းမ၌ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ထောက်ပံ့ပေးရန်ကျန်ရှိသော မသန်စွမ်းသူ များအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကာလတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းပရဟိတအဖွဲ့နှင့် ဟားခါးခရိုင် နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များအား   ထောက်ပံ့ငွေများပေးအပ် သည်။

ယင်းနောက်    ပြည်နယ်ဝန်ကြီးချုပ်  ဦးဆလိုင်းလျန်လွယ်၊   ဒုတိယဝန်ကြီး  ဦးမြင့်ကြိုင်နှင့် ပြည်နယ်ဝန်ကြီး ဦးဖွေအား တို့က  ဟားခါးမြို့နယ်အတွင်းရှိ   ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များပေးအပ်ကြသည်။

အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သစ္စာစီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ ဟားခါး ထာရ်(၁)၊ (၂)ရပ်ကွက်၊ ချွန်ကျုံး၊ နှီဂရ် လောရ်၊ ဟဇုန်ဟရိန်၊ ဘွာလ်တပ်၊ ဟိုင်ဖိုင်၊ ဘုံသွ၊ ဘီဖူးလ်နှင့်ရင်ယီးရင်သဲ ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူ ၃၄၆ ဦးကို ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယသမ္မတသည် ဧပြီ ၁၆ ရက်က လှုပ်ခတ်ခဲ့သော မြေငလျင် ကြောင့် ကျောင်းအုတ်နံရံများပြိုကျခဲ့သည့် ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းအတွင်းရှိ အန္တရာယ်ရှိကျောင်း ဆောင်အား ကြည့်ရှုစစ်ဆေးရာ ကျောင်း အုပ်ကြီး ဦးဗျက်ကျုံးက အဆောက်အအုံ အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီ  ဗန်ထီးယူသည် ဟားခါးမြို့ ပြည်ထောင်စု ရိပ်သာ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံကြောင်းသိရသည်။