တိုကျို၊ ကျန်းမာရေး
တောင်အာဖရိကနိုင်ငံမှ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်ကို ဂျပန်နိုင်ငံ၌တွေ့ရှိကြောင်း နှင့် ဗြိတိန်နိုင်ငံ၌ ပျံ့နှံ့နေသော ဗီဇပြောင်းကိုရို နာဗိုင်းရပ်ကို နိုင်ငံအတွင်းရှိ လူ ၁၂ ဦးကျော် တွင်တွေ့ရှိပြီးနောက် တောင်အာဖရိကမှ ဗိုင်းရပ်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ဂျပန် အစိုးရက ထုတ်ပြန်ထားသည်။
တောင်အာဖရိကမှ ဗီဇပြောင်းဗိုင်းရပ် ကူးစက် ခံထားရသူမှာ အသက် ၃ဝ ကျော်ရှိ အမျိုးသမီးဖြစ်ပြီး ¤င်းသည် ဒီဇင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
ဂျပန်နိုင်ငံ၌ ဗြိတိန်နိုင်ငံမှဗီဇပြောင်း ဗိုင်းရပ်ကိုတွေ့ရှိပြီးနောက် နိုင်ငံသားမဟုတ်သည့် ပြည်ပမှ ဝင်ရောက် သူများကို တားမြစ်ပြီးနောက် တောင်အာဖရိကမှ ဗီဇပြောင်း ဗိုင်းရပ်ကို တွေ့ရှိခြင်းဖြစ်သည်။
လက်ရှိတွင်ထွက်ပေါ်နေသည့် ကာကွယ်ဆေးများသည် အဆိုပါဗီဇပြောင်းဗိုင်းရပ် များကူးစက်မှုကို ကာကွယ်နိုင် သည် ဟူသော ခိုင်မာသည့် သက်သေများ မရှိသေးကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်ကူးစက်မှုကာကွယ်ရေး အတွက်ချမှတ် ထားသည့် သမားရိုးကျ ကာကွယ်နည်းများကိုပြောင်းလဲမည်မဟုတ် ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေးဆူဂါ ကပြောသည်။
အလားတူ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဗိုင်းရပ်ကူးစက်မှုအတွက်အရေး ကြီးသည့်အခြေအနေများနှင့် ပတ်သက်၍ သတိပေးမှုများကို လျှော့ချခြင်းမပြုရန် ဝန်ကြီးချုပ်က တောင်းဆိုထားသည်။