မော်တော်ယာဉ် တင်သွင်းမှုနှင့် ပတ်သက်သည့် မူဝါဒ အပြောင်းအလဲ များကြောင့် SKD စနစ်ဖြင့် ဆောင်ရွက် နေသည့် လုပ်ငန်းများ ထိခိုက်နိုင်

ရန်ကုန်၊ မော်တော်ယာဉ်

မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်သည့်  မူဝါဒအပြောင်းအလဲများကြောင့် ပြည်တွင်း၌ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ် လုပ်သည့်စနစ် SKD ဖြင့် ဆောင်ရွက်နေသည့် မော်တော်ယာဉ်လုပ်ငန်းများ အပေါ် ထိခိုက်မှုရှိ လာနိုင်ကြောင်း မော် တော်ယာဉ်ဝယ် ရောင်းလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ယင်းနှင့်ပတ်သက်၍ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များ၊ တင်သွင်းရောင်းချသူ လုပ်ငန်းရှင် များနှင့် အရောင်းအဝယ်ပြုလုပ်သူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုရလဒ်များကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှတစ်ဆင့် အစိုးရထံ တင်ပြမည်ဖြစ် ကြောင်း သိရသည်။

''က.ည.န က မှတ်ပုံတင်ကြေးတ ွေလျှော့ ပေးတဲ့အပေါ် SKD လုပ်ငန်းရှင်တွေက ထိခိုက်မှု ရှိနိုင်တယ်ဆိုပြီး ကား လုပ်ငန်းရှင် တွေအားလုံးကို ခေါ်ပြီး သြဂုတ် ၁၃ ရက်က ပဏာမ ဆွေးနွေးပွဲ လုပ်ခဲ့တာပါ။ သက်ဆိုင် ရာလုပ်ငန်း ရှင်တွေ တင်ပြတဲ့အချက်တွေ၊  အကြံပြုချက်တွေ အပေါ်လိုက်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို   ပြန်လည် ဆွေးနွေး ညှိနှိုင်းသွားမယ်''ဟု UMFCCI အထွေ ထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကပြောသည်။

လက်ရှိ ဈေးကွက်အတွင်း သတ်မှတ်ခဲ့သည့် အခွန်နှုန်းထားအတိုင်း ဈေးနှုန်းသတ်မှတ်ရောင်းချနေရသောကြောင့် အရောင်း အဝယ်ထိခိုက်မှုမရှိစေရန် မူဝါဒအသစ်၏ အကျုံးဝင်သည့်ကာလအတိုင်းအတာကို အတိအကျ ထုတ်ပြန် ပေးစေလိုကြောင်းနှင့် မူဝါဒမတည်ငြိမ်သကဲ့သို့ဖြစ်နေ၍ ရင်းနှီးမြှုပ်နှံရန်   ထပ်မံဝင်ရောက်လာနိုင်သည့် လုပ်ငန်း ရှင်များအတွက်  အဟန့်အတား ဖြစ်စေနိုင်ကြောင်း SKD လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

'' SKD နဲ့ CBU ဆိုတာ အရင်တုန်းက ကွာခြားချက်များတယ်။ အခု ဈေးနှုန်းက အတူတူ နီးပါးဖြစ်နေတော့ ဈေးကွက် ယှဉ် ပြိုင်မှုတွေရှိလာတယ်''ဟု မော်တော်ယာဉ် အရောင်းစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က.ည.န)အနေဖြင့် COVID- 19 ရောဂါကြောင့်ဖြစ်ပေါ်လာသော စီးပွားရေး ကျဆင်းမှုများကို ကုစားသည့်အနေဖြင့် က.ည.န မှတ်ပုံ တင် ကြေးကို လက်ရှိနှုန်း ထား၏ ထက်ဝက်အထိ လျှော့ချ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။      

ကျော်ကို