မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားနှစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်   သြဂုတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့ညနေ ၃ နာရီခန့်တွင် မူဆယ်မြို့ဘက်မှ ကွတ်ခိုင် မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူများ ဖြစ်သည့် မော်ယုံဖာ(ဘ)ဦးမော် စေပေါက်နှင့် လီရီမို(ဘ)ဦးလီရီချန်တို့ နှစ်ဦးနှင့်အတူ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များနှင့် ဖမ်းဆီးရမိသူများအား မူဆယ်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။